အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

ဂျပန်တွင် တစ်နာရီ မိုင် ၃၂၀ ရထား ပြေးဆွဲမည်

အခုတော့ မဟုတ်သေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့ လာမယ့် ၈ နှစ်အတွင်းဖြစ်ပေါ်လာအောင် ကြိုးစားဖန်တီးနေပြီ ဖြစ်ပါတယ်။တစ်နာရီ မိုင် ၃၂၀ ဆိုတော့ လက်ရှိ တရုတ်ပြည်မှာ ပြေးဆွဲနေတဲ့ တစ်နာရီ ၂၆၈ မိုင် ရထားထက် အများကြီးမြန်ပါတယ်။ ကြောက်စရာလည်း ကောင်း
မှာပါ။ လေခုခံမှုကို ဖြိုခွင်းပြီး ခရီးထွက်မယ့် ရထးအတွက် လမ်းပါ အသစ်ဆောက်ပေးရမှာပါ။ ပြေးတဲ့အခါ ရထားလမ်းနဲ့တောင် မထိပါဘူး။ မထိသထိ နဲ့ ရေပေါ်ပေါ်သလို ငြိမ့်ပြီး လိုရာခရီးရောက်မှာပါ။ ဒီတော့ ဘေး အကာအရံ၊ လုံခြုံရေးစနစ်က အင်မတန် အရေးကြီးသွားပါတယ်။

ပထမဆုံး စမ်းသပ်ချက်အနေနဲ့က အောင်မြင်ပြီးသွားပြီ ဖြစ်ပါတယ်။ ယင်း စမ်းသပ်ချက်ကို ရထား တစ်တွဲနဲ့လုပ်သွားတာပါ။ နေက်ဆိုရင် ပုံမှန်ပြေး
ဆွဲနေတဲ့ သံလိုက် ရထား အတွဲများကဲ့သို့ အရှည်ဆောက်မှာ ဖြစ်ပါတယ်။ တိုကျိုနဲ့အိုဆာကာကြား ပြေးဆွဲမှာပါ။ ယင်း ရထားဟာ ကမ္ဘာ့ အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
ColayAutomobile
ColayOnline:Automobile

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...