အွန်လိုင်း
တိုက်ခိုက်မှုများ၊ Hack ခံရမှုများ မကြာခဏ ခံရလေ့ရှိသည့် တရုတ်နိုင်ငံမှ
စစ်ဆင်ရေး လေ့ကျင့်မှု များကို အွန်လိုင်းတွင်ပြုလုပ် သွားမည်
ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံအခြေစိုက် စင်ဟွာသ တင်းဌာန၏ သတင်းထုတ်ပြန်
ချက်များ အရ တရုတ်နိုင်ငံ စစ်တပ်မှ လာမည့်လတွင် စစ်ဆင်ရေး
တိုးတက်မှုများရရှိလာ စေရန်ရည်ရွယ်၍
အွန်လိုင်း စစ်ဆင်ရေး ဂိမ်းပြိုင်ပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ်
ကြောင်း သိရသည်။ ထို့နောက် ၎င်းတို့မှ ထပ်မံ၍ တရုတ် နိုင်ငံစစ်တပ်မှ ယခုလို
ပြုလုပ်ခြင်းမှာ သမိုင်းတလျှောက် ပထမဆုံး အကြိမ် ဖြစ်ပြီး ဒီဂျစ်တယ်စစ်
ဆင်ရေးနှင့် လက်တွေ့ စစ် ဆင်ရေးများကို ပူးပေါင်း လုပ် ဆောင်သွားမည်
ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ စစ်တပ်၏ တာဝန်ရှိ သူတစ်ဦးမှ
ယခုလေ့ကျင့်မှုများတွင် Bejing Military Area မှ ပူးပေါင်းပါ ဝင်မည်
ဖြစ်ပြီး နိုင်ငံအတွင်းရှိ စစ်ရေး အကယ်ဒမီ ၈ ခုမှလည်း ပါဝင်မည်ဖြစ်ကြောင်း
သိရ သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှာ အွန်လိုင်းတိုက်ခိုက်မှုများ
(Hack) ခြင်း များအတွက် အမေရိကန်နိုင်ငံ Pentagon စစ်ဌာနချုပ်၏
သတိပေးခြင်းကို ခံထားရသည်။ အမေရိကန်နိုင်ငံ ကာ ကွယ်ရေး ဝန်ကြီးဌာနမှ
သတင်းထုတ် ပြန်ချက်များအရ တရုတ်နိုင်ငံသားများဟု ယူဆရသည့် ဟက်ကာ များမှာ
အမေရိ ကန်နိုင်ငံ၏ လက်နက်စနစ်ကို ခိုးယူခဲ့ ကြောင်း တွေ့ရှိရပြီး
ထိုကဲ့သို့ ခိုးယူခဲ့ခြင်း မှာလည်း တရုတ်နိုင်ငံ၏ လက်နက်တည် ဆောက်ရေး
စနစ်မြင့်မားရန်ပင်ဖြစ်နိုင် ကြောင်း အတိအလင်း သတင်းထုတ်ပြန် ထားခဲ့သည်။
Smart Pro Journal
လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှာ အွန်လိုင်းတိုက်ခိုက်မှုများ
Smart Pro Journal