အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

" အမှိုက်စွန့်ပစ် ၊ သိမ်းဆည်းခစည်ပင်ကောက်ခံနှုန်းအတိုင်း ပုဂ္ဂလိက ဆောင်ရွက်နိုင်လျှင် လွှဲပြောင်းပေးရန်အသင့် "

အမှိုက်စွန့်ပစ်၊ သိမ်းဆည်းခကို ရန်ကုန်စည်ပင်က လက်ရှိကောက်ခံနေ သည့် နှုန်းထားအတိုင်း ပုဂ္ဂလိကမှ ဆောင်ရွက်မည်ဆိုပါက လွှဲပြောင်းေ ပး ရန် အသင့်ရှိသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောသည်။”တစ်ရက်ကို ၂ဝ၊ ၁၅ ကျပ် ကောက်ခံနေတဲ့နှုန်းနဲ့ ပုဂ္ဂလိက က ဘယ်သူမှ မလုပ်နိုင်ဘူး။ အခု လုပ်နိုင် တယ်လို့ပြောတဲ့ကုမ္ပဏီရှိရင် Welcome ။ လာခဲ့လိုက်။ မနက်ဖြန် စာချုပ်ချုပ်ပြီး လွှဲလိုက်မယ်”ဟု၎င်းက ပြောသည်။အမှိုက်သိမ်းဆည်းရာ၌ အမှိုက် ကောက်ယူမှုသာမက သိမ်းဆည်းခြင်း၊ စွန့်ပစ်ဖျက်ဆီးရခြင်း စသည့် လုပ်ငန်း စဉ်များလည်း ပါဝင်ကြောင်း၊ သို့ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိရန်ကုန်စည်ပင် မှ ကောက်ခံ သောနှုန်းထားအတိုင်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေ မရှိကြောင်း ၄င်းက ပြောသည်။

”နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ အ ရောက် အမှိုက်တစ်တန် သိမ်းဆည်းခ ရငွေက လေးထောင်ကျော်ပဲ ရတာ။ ကုန်တာက တစ်သောင်းရှစ်ထောင် ရှိ တယ်။ တစ်အချိုး(၄ ဒသမ ၃) ဖြစ်နေ တယ်”ဟု ¤င်းက ဌာနမှ လက်ရှိ အရှုံးခံ ဆောင်ရွက်နေရမှုအပိုင်းကို ပြောသည်။ရန်ကုန်စည်ပင်မှ လက်ရှိ အသုံး ပြုနေသော ဥပဒေ၊ နည်းဥပဒေများ၌ လည်း ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်သည်ဟု ထည့်သွင်းဖော်ပြထားကြောင်း၊ သို့ဖြစ် ရာ အချိန်ကာလတ စ်ခုကို စောင့်ကြည့် နေခြင်းဖြစ်ပြီး အချိန်ကျပါက လွှဲပြောင်း ပေးမည်ဟု ဦးသန်းလွင်ဦးက ပြောသည်။

”ကုမ္ပဏီဆိုတာကတော့ စီးပွားရေး လုပ်တာဖြစ်လို့ သူတို့ကို လွှဲပေးရင် သူတို့က မစိုက်နိုင်ရင် ပြည်သူဆီ ကပဲ ကောက်မယ်။ ပြည်သူက ပေးနိုင် မလား ဆိုတာ ရှိသေးတယ်”ဟု ၄င်းက ဆို သည်။အမှိုက်သိမ်းဆည်းမှု စနစ်အတွက် အရှုံးပေါ်နေသော ကောက်ယူခြင်း၊ သိမ်းဆည်းခြင်း၊ ပို့ဆောင် ရခြင်း စသည့် အပိုင်းများကို ပုဂ္ဂလိကသို့ မလွှဲပြောင်း သော်လည်း ပုဂ္ဂလိကမှ အကျိုးအမြတ် ရရှိနိုင်သော ဖျက်ဆီး၍ စွမ်းအင်ထုတ် လုပ်ခြင်းကိုမူ တင်ဒါခေါ်၍ ဆောင်ရွက် ရန် စီစဉ်ထားကြောင်း ၄င်းက ဆက် လက်ပြောသည်။

”အဲဒီအပိုင်းကျတော့ ဌာနက လည်း ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ဘူး။ ပုဂ္ဂလိကရော ဌာနရော အကျိုးအမြတ်ရနိုင်တယ်။ ဌာနကရတဲ့ အကျိုးအမြတ် ကိုတော့ အရှုံးပေါ်နေတဲ့အပိုင်းမှာ ပြန် ထည့်သွားမယ်”ဟု ၄င်းက ပြောသည်။ရန်ကုန်စည်ပင်က မြို့နေပြည်သူ များထံမှ သုံးလလျှင်တစ်ကြိမ် သန့်ရှင်း ရေးခကောက်ခံပြီး မြို့တွင်းခြောက်မြို့ နယ်အပါအဝင် ဆက်စပ် ၉ မြို့နယ်အား သုံးလလျှင် ၁၈ဝဝ ကျပ်၊ မြို့စွန်မြို့နယ် ၇ မြို့နယ်အား သုံးလလျှင် ၉ဝဝ ကျပ် နှင့် တိုးတက်လာသည့် မြို့စွန်မြို့နယ် များမှ ၁ဝ မြို့နယ်အား သုံးလလျှင် ၁၃၅ဝ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဝေမာထွန်း
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...