နေပြည်တော် ကျောက်မျက်ပြပွဲသို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံ
ကွန်ဂျိုးမြို့မှ စင်းလုံးငှားခရီးစဉ်အဖြစ် ရောက်ရှိလာသော China Eastern
လေကြောင်းလိုင်းမှ Air Bus 320 အမျိုးအစား လေယာဉ်သည် နေပြည်တော် လေဆိပ်သို့
ဆင်းသက်စဉ် လေယာဉ်ဘီးပေါက်သွားသဖြင့် နေပြည်တော်လေဆိပ်တွင်
ညအိပ်ရပ်နားခဲ့ရ ကြောင်း
သတင်းရရှိသည်။ China Eastern လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ
နေပြည်တော် ကျောက်မျက်ပြပွဲကို တက်ရောက်မဲ့ ခရီးသည် ၁၅၂ ဦးနှင့်အတူ ဇွန်လ
၁၃ ရက်နေ့ ညနေ ၁ နာရီမှာ နေပြည်တော်လေဆိပ် ရောက်ရှိလာခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ တရုတ်နိုင်ငံ ကွန်ဂျိုးမြို့သို့ ပြန်လည် ထွက်ခွာဖို့အတွက်
စစ်ဆေးစဉ် ညာဘက်ဘီးတစ်လုံး ပေါက်နေသဖြင့် အပြန်ခရီးစဉ်အား ဖျက်သိမ်းပြီး
လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ရန် နေပြည်တော်လေဆိပ်တွင်
ညအိပ်ရပ်နားလျက်ရှိပါတယ်ဟု နေပြည်တော်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးမှ
ပြောကြားခဲ့သည်။ ၎င်းလေယာဉ်နှင့်အတူ လေယာဉ်အမှုထမ်း ၁၁ ဦးပါရှိပြီး
နေပြည်တော်တွင် ကျောက်မျက်ပြပွဲကြောင့် ဟော်တယ်ခန်းများအားလုံး
ပြည့်နေသဖြင့် ၎င်းလေယာဉ်ဝန်ထမ်း ၁၁ ဦးအား ညအိပ်ရန်အတွက် တောင်ငူမြို့ရှိ
ဟိုတယ်တစ်ခုတွင် စီစဉ်ပေးခဲ့ရကြောင်း သိရှိရသည်။ ၎င်းလေယာဉ်သည်
ပြင်ဆင်မှုများပြုလုပ်ပြီးပါ က ယနေ့(ဇွန်လ ၁၄ ရက်) တရုတ်နိုင်ငံ ကွန်ဂျိုးမြို့ သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Myanmar Online News
Myanmar Online News