အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

သေနတ်ဖြင့် ချိန်ရွယ်မှုကြောင့် တရားစွဲခံရတဲ့ ဂျက်စတင်ဘီဘာ

ရိုင်းစိုင်း ဆိုးသွမ်းလာသည်ဟု တစ်စတစ်စ လူပြော များလာသူ ဂျက် စတင်ဘီဘာနှင့် ၄င်း၏ သက်တော်စောင့် တစ်ဦးသည် ယခုလ အစောပိုင်း တွင် မီယာမီ မြို့၌ ဓာတ်ပုံ ဆရာ တစ်ဦးကို ရိုက်နှက်မှုဖြင့် တရားစွဲဆို ခံရကြောင်း သိရသည်။ဂျက်ဖရီဘီနီရန် ဆိုသူ ဓာတ်ပုံ ဆရာသည် ဘီဘာ အသံ သွင်းနေသည် ကို လမ်းဘေး ပလက်ဖောင်း မှနေ၍ ဓာတ်ပုံ ရိုက်ယူနေခြင်း ကို ဘီဘာက သက်တော်စောင့်လေးဦး ကို စေလွှတ်၍ Memory Card ကို ယူလာရန် ခိုင်းခဲ့ သည်။ အဆိုပါ ဓာတ်ပုံ ဆရာနှင့် ၄င်း၏ သက်တော်စောင့် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ရာ ၄င်းတို့သည် သူ့အား နံရံ ဘက် သို့ ဆောင့်တွန်းပြီး လည်မျိုကို ဆုပ်ကိုင် ခြိမ်းခြောက် ခဲ့ကြောင်း အဆိုးဝါးဆုံး မှာ ခြောက်လုံးပြူး သေနတ်ဖြင့် ချိန်ရွယ် ခဲ့ခြင်း ဖြစ်ကြောင်း ဂျက်ဖရီကပြောကြား သည်။

ထို့ကြောင့် ၄င်းသည် ဒဏ်ရာ အနာတရ ဖြစ်ခဲ့ရပြီး ဆေးကုသစရိတ် များကို ကာမိစေရန် တရားစွဲဆိုခဲ့ ကြောင်း သိရသည်။ ဂျက်ဖရီ၏ ရှေ့နေ ဖြစ်သူ ရက်ဆဲက ၄င်း၏ အမှုသည် မှာ ပါပါရာဇီ တစ်ဦး မဟုတ်ကြောင်း၊ ဝါရင့် ဓာတ်ပုံဆရာ တစ်ဦး သာဖြစ်ကြောင်း ဂျက်စတင်ဘီဘာ ၏ ပြုမူ ဆက်ဆံပုံမှာ ရမ်းကား လွန်းကြောင်း omg! သတင်း ဌာန ကို ပြောကြားခဲ့သည်။

”ဂျက်စတင်ဘီဘာ က အရွယ် ရောက်လာပြီ။ အပြစ်မဲ့တဲ့သူ တစ်ယောက်ကို သက်တော်စောင့်တွေက သေနတ်နဲ့ ခြိမ်းခြောက်တာမျိုး ခွင့်မပြုသင့်ဘူး” ဟု ၄င်းက ပြော ကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘီဘာ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးကို မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိပေ။ အသက် ၁၉ နှစ် အရွယ် ဘီဘာ သည် လော့စ်အိန်ဂျလိစ် သို့ ပြန်လည် ရောက်နေပြီဖြစ်ကာ သို သိပ်စွာ နေထိုင်လျက်ရှိသည်။
၎င်းသည် အရှိန်ပြင်းစွာ ယာဉ် မောင်းနှင်မှု၊ အိမ်နီးချင်း များနှင့် စကားများမှု၊ ထွေထွေထူးထူး ကိစ္စရပ်များ ကြောင့် ပါပါရာဇီများနှင့် စကားများမှု များကြောင့် စာ မျက်နှာ များပေါ် ၌ ဆိုးသွမ်းသူ အဖြစ် နာမည်ကြီးလျက်ရှိ သည်။

ဂျက်စတင်ဘီဘာသည် အရွယ် ရောက်လာသည့် ဟောလီးဝုဒ် နာမည်ကျော် များနှင့် အတူ ဆိုးသွမ်းလာကြောင်း အများက မှတ်ချက်ပြုခဲ့ကြသည်။

သိင်္ဂီဝင်း
Ref:E! Online
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...