အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

ဆီးဂိမ်းဝင်မည့် မြန်မာ့ စက်ဘီး တရုတ်တွင် ၃ လကြာ လေ့ကျင့်မည်

တရုတ်နိုင်ငံတွင် ၃ လအထိ မြန်မာ့စက်ဘီး အဖွဲ့ လေ့ကျင့်မည်ဟု စက်ဘီး အဖွဲ့ချုပ်မှ သိရသည်။
 ”စက်တင်ဘာလ ပထမ အပတ်မှ ပြန်ရောက်ကြမှာပါ။ အစိုးရချင်း အစီအစဉ် နဲ့ လေ့ကျင့်မှု ပြုလုပ်တာပါ။ အဓိကတော့ ဆီးဂိမ်း အောင်နိုင်ရေး အတွက် ရည်ရွယ် ပါတယ်” ဟု စက်ဘီး အဖွဲ့ချုပ်မှ တာဝန်ခံ ကိုကျော်မင်းသန်း က ပြောသည်။မြန်မာ့ စက်ဘီး အဖွဲ့သည် တရုတ် နိုင်ငံ၌ လေ့ကျင့်ခြင်းကို ယခုလ ၇ ရက် တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်စက်ဘီး လက်ရွေးစင် အသင်းနှင့် အတူ ပူးတွဲ လေ့ ကျင့်ခြင်းဖြစ်သည်။

”လေ့ကျင့်ခန်း သွားဆင်းတဲ့ ကစားသမားတွေ အားလုံးက ဆီးဂိမ်း အတွက် ရွေးချယ်ထားတဲ့ ကစားသမား တွေပါ။ တကယ့် ပြိုင်ပွဲမှ သူတို့အားလုံး ယှဉ်ပြိုင် ရမှာပါ။ တာဝေး ကစားနည်းအ တွက် အထူး သီးသန့် ရွေးချယ်ထားတဲ့ ကစားသမားတွေပါ”ဟု ၄င်းကဆက် ပြောသည်။
သွားရောက် လေ့ကျင့်နေသည့် ကစားသမားများ ၁ဝ ဦးရှိပြီး မြန်မာ နည်းပြနှစ်ဦး ပါဝင်ကြောင်း သိရသည်။

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်သည့် စက်ဘီး ကစားနည်း၌ ဆုတံဆိပ် စုစုပေါင်း ၄၈ ခုချီးမြှင့်မည် ဖြစ်ပြီး ရွှေဆု မှာ ၁၆ ခု ပါဝင်ကြောင်း မြန်မာ အသင်း အနေဖြင့် ရွှေအနည်းဆုံး ၄ ခုမျှော် မှန်းထားကြောင်း စက်ဘီး အဖွဲ့ချုပ်မှ သိရသည်။
ယင်းသို့ ဆုတံဆိပ်မျှော်မှန်းထား သော်လည်း ကျင်းပ ပြီးစီးခဲ့သည့် ဆီး ဂိမ်း အကြို စက်ဘီး ဖိတ်ခေါ် ပြိုင်ပွဲတွင် စက်ဘီး အဖွဲ့သည် ကြေးတံဆိပ်သာ ရရှိထားခဲ့သည်။

လက်ရှိတွင် အားကစား ဝန်ကြီး ဌာနသည် အိမ်ရှင် အဖြစ် ကျင်းပမည့် ဆီးဂိမ်း ပွဲတော်တွင် အောင်မြင်မှု ရရှိရေး အတွက် အားကစားနည်း အချို့ကို ပြည်ပနိုင်ငံ များ သို့ စေလွှတ် လေ့ကျင့်မှု များ ပြုလုပ်နေကြောင်း သိရသည်။

အောင်ဇော်
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...