အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

ရာသက်ပန်တက္ကစီ BB နံပါတ် ၉၃၀၀ သို့ ရောက်

ရာသက်ပန် အငှားယာဉ်အဖြစ်သာ အသုံးပြုရန် ခွင့်ပြုထားသည် AA၊ BB အက္ခရာများကို ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ထုတ်ပေး ရာတွင် BB အက္ခရာ ၉၃၀၀သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးသိန်းထွဋ်က The Voice သို့ ပြောကြား သည်။BB အက္ခရာများ ကုန်သွားလျှင် CC အက္ခရာများကို ဆက်လက် ထုတ်ပေး သွားမည်ဖြစ်ကာ ပြင်ပ အငှားယာဉ် လောကတွင် သတင်း ထွက်ပေါ်နေ သကဲ့သို့ CC အက္ခရာများကို နယ်မြို့များတွင်သာ မောင်းနှင်
နိုင်သည့် လိုင်စင်ထုတ်ပေးရန် စီစဉ်ထားသည်မှာ မဟုတ်မှန်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရာသက်ပန် အငှားမော်တော်ယာဉ်ပြုလုပ်မည့် ကားများ တင်သွင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ခံချက်ပေးခြင်း ကို ဖေဖော်ဝါရီ လဆန်းကစ၍ ဆိုင်းငံ့ထားသဖြင့် အဆိုပါ ယာဉ်များ တင်သွင်းခြင်း ရပ်နားထားရပြီး ယခင်က ခွင့်ပြုထားသည့် ထောက်ခံချက် များဖြင့်သာ တင်သွင်းနေခြင်းဖြစ်ကြောင်း မော်တော်ယာဉ် အရောင်းပြခန်း များထံမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက သက်တမ်း ကြာမြင့် မော်တော်ယာဉ်များ ဖျက်သိမ်းပြီး အစားထိုးယာဉ် ပါမစ် ထုတ်ပေးသည့် ပါမစ် အရေအတွက်မှာ မေလ အထိ ၉၄,၅၄၅ ခု ရှိပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ပါမစ်အရေအတွက် ကိုးသောင်းကျော်တွင် အိမ်စီး မော်တော်ယာဉ် ၈၇,၃၅၅ စီး၊ ကုန်တင် မော်တော်ယာဉ် ၅၂၁၀ စီး၊ ခရီးသည်တင်ယာဉ် ၁၉၈၀ စီး ပါဝင်ကြောင်း ယင်းဌာနထံမှ ထပ်မံသိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...