အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

မလေးရောက် မြန်မာတွေအကြား နေရပ်ပြန်ချင်သူ များပြား

အကြမ်းဖက်မှုတွေဖြစ်အပြီး မလေးရှားရောက် မြန်မာတွေအကြားမြန်မာနိင်ငံကို ပြန်ချင်သူတွေ အလွန်များနေတယ်လို့ သိရပါတယ်။ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထားတွေနဲ့ ပတ်သက်လို့ အခက်ခဲဖြစ်နေသူတွေလည်း ရှိတယ်လို့ Kepongနာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်းက RFAကို ပြောပါတယ်။"မြန်မာပြည်ကို ချက်ချင်းပြန်ချင်တဲ့လူတွေက တအားများတယ်၊ ဒါပေမဲ့ အခုဖြစ်နေတဲ့ အတိုင်းအတာက မြန်မာပြည်ပြန်ချင်ပေမယ့် ဒီမှာက ၃ မျိုး ၃ စားဖြစ်နေတယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ဘာ passport မှ မရှိတဲ့လူတွေရှိတယ်၊ တချို့က passport ရှိတယ် permit မရှိဘူး၊ သူတို့က passport တွေလုပ်ထားတယ် သူတို့လက်ထဲမှာ permit တင်ဖို့အခါမှာ
ကျတော့ သံရုံးရဲ့စာအုပ်ပေးတာ နှောင့်နှေးတဲ့အခါကျတော့ permit တင်မမှီခဲ့လို့ သူတို့မှာစာအုပ်ပဲရှိတဲ့ လူတွေ၊ passport ရပြီး permit ကျထားတဲ့လူတွေ ဒါပေမယ့် အဲလူတွေကျတော့ ဘယ်လိုဖြစ်သလဲဆိုတော့ သူဌေးတွေဆီမှာ စာအုပ်တွေရှိနေတယ်၊ အဲဒီအခက်အခဲတွေ တွေ့ကြုံနေ
ရတယ်"

မြန်မာတွေ ထပ်မံအတိုက်ခိုက်ခံရတဲ့ သတင်းတွေကို ကြားရပေမယ့်
လောလောဆယ်တော့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ ဦးဆန်းဝင်း
ကပြောပါတယ်။

အကြမ်းဖက်မှုတွေမှာ သေဆုံးခဲ့တဲ့ မြန်မာတွေရဲ့ အလောင်းကိုသင်္ဂြိုလ်ဖို့ ခွင့်ပြုချက်တချို့ ရထားတယ်လို့ ဆိုပါတယ်။ တရားဝင် နိုင်ငံကူးလက်မှတ်
ရှိတဲ့ စောဘလူးဂေးရဲ့ ရုပ်အလောင်းကို မြန်မာသံရုံးက ခွင့်ပြုစာထုတ်ပေး
ခဲ့တဲ့အတွက် လာမယ့် တနင်္ဂနွေနေ့မှာ ခရစ်ယာန်ဘာသာ ထုံးစံအတိုင်း သင်္ဂြိုလ်ဘို့ နာရေးကူညီမှုအသင်းက စီစဉ်ထားတယ်လို့လည်း အသင်း ဥက္ကဌ ဦးဆန်းဝင်းက ပြောပါတယ်။

တဆက်ထဲမှာပဲ မြန်မာအလုပ်သမားတွေအကြား အကြမ်းဖက်တိုက်ခိုက်
မှုတွေဟာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေကြောင့်ဖြစ်ပြီး မလေးရှားနိုင်ငံသား တစ်ဦးတယောက်မှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wan Junaidi Jaafar က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မလေးရှားကိုရောက်နေတဲ့ မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်နဲ့ တွေ့ဆုံ ဆွေးနွေး အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံကလာသူတွေ အချင်းချင်းကြားမှာ ဖြစ်
ပွားခဲ့တာဖြစ်ပြီး ပြည်တွင်းက ပြဿနာကို မလေးရှားနိုင်ငံထဲကို သယ်လာ
တာဖြစ်တယ်လို့လည်း မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာတွေအနေနဲ့ ဒီလိုအကြမ်းဖက်မှုတွေ ဆက်မလုပ်ဖို့လည်း သူက
သတိပေးလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သိန်း ၆ သောင်းနီးပါး အလုပ်လုပ်ကိုင်
နေပြီး အဲဒီအထဲက ၁ သိန်း ၅ သောင်းနီးပါးဟာ တရားမ၀င် လာရောက်နေ
ထိုင်သူတွေဖြစ်ကြောင်း၊ ဒီလူတွေဟာ မလေးရှားနိုင်ငံသားတွေ မလုပ်ကိုင်
လိုတဲ့ ခြံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်နေ တာဖြစ်တယ်လို့ သူကပြောပါတယ်။

မလေးရှား အကျဉ်းထောင်အသီးသီးမှာ မြန်မာအကျဉ်းသား လေးထာင့်
လေးရာကျော်ရှိနေပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိမှတ်ပြုထားတဲ့ ဒုက္ခသည် ၉ သောင်း ၅ သောင်းရှိပြီး အဲဒီအထဲက ၂ သောင်း ၈ ထောင်ဟာ နိုင်ငံသား အငြင်းခံထားရတဲ့ မူဆလင်ရိုဟင်ဂျာ တွေဖြစ်ပါတယ်လို့ သူကပြောပါတယ်။

UNHCR က မလေးရှားမှာ တရားမ၀င်နေထိုင်နေတဲ့ မြန်မာတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...