အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

ပဋိပက္ခများ အဆုံးသတ်နိုင်မည့် နည်းလမ်းများ သံဃာ့ညီလာခံ ယနေ့ထုတ်ပြန်မည်

မြို့ ကြီး အချို့တွင် ဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အဆုံးသတ်နိုင်မည့် နည်းလမ်းများကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်ကြီးများ ပါဝင်သည့် သံဃာ့ ညီလာခံက ယနေ့(ဇွန်လ ၁၄ ရက်)ကြေညာချက်တစ်ရပ် ထုတ်ပြန်မည် ဖြစ်ကြောင်း ယင်းညီလာခံ တက်ရောက်လာသည့် ဆရာတော်များက မိန့်ကြားသည်။
အဆိုပါ သံဃာ့ညီလာခံကို ဇွန်လ ၁၃ ရက်နေ့မှ ၁၄ နေ့အထိ မှော်ဘီမြို့နယ်
အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ
ဆေကိန္ဒာရာမ ကျောင်းတွင် ကျင်းပနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ အစပြုသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် မြို့ကြီးအချို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်ရေး ယင်းညီလာခံက အဖြေထုတ်ပေးသွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခဆရာတော် ဒေါက်တာ အရှင်ဓ္ဓမပီယက မိန့်ကြားသည်။

အဆိုပါ ညီလာခံ ပထမနေ့တွင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ဗုဒ္ဓ နည်းကျ ပဋိပက္ခ ဖြေရှင်းရေး၊ ပဋိပက္ခများနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ဆရာတော်များ အနေနှင့် ဥပဒေနှင့် သမိုင်းပညာကို လေ့လာရေး၊ ပဋိပက္ခများ နှင့်ပတ်သက်၍ သတင်း ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ် ညှိနှိုင်းရေး စသည့်အချက် ခုနစ်ချက်ကို
ဆွေးနွေးခဲ့ကြသည်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြောင်းတဲ့ အချိန်မှာ ငြိမ်းချမ်းတဲ့ ပြောင်း လဲမှုက ဂုဏ်ယူစရာ ကောင်းသလို ဆိုးသွားနိုင်တဲ့ အခြေအနေတွေကလည်း ရှိနေတာမို့ အချိန်မီ တားဖို့လိုတယ်”ဟု ဒေါက်တာ အရှင်ဓမ္မပီယက ဆက်လက် မိန့်ကြားသည်။

အဆိုပါ သံဃာ့ ညီလာခံမှ မေလ ၃၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဓ္ဓမဒူတ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားသည်။

ယင်းညီလာခံသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများအတွက် အဖြေရှာရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်အပါး ၂၀၀ ကျော် ပါဝင် တက်ရောက်သည့် ပထမဆုံး ညီလာခံတစ်ရပ် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်း နယ်စပ် ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် ဘင်္ဂါလီ လူမျိုးများနှင့် ဒေသခံ ရခိုင်လူမျိုးတို့ အကြား အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်ရှိ မြို့ကြီးအချို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

မေလ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသား အများစု သွားရောက် အလုပ် လုပ်ကိုင်သည့် မလေးရှားနိုင်ငံတွင် ဘာသာရေး အသွင်ဆောင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံသားခြောက်ဦး
သေဆုံးခဲ့သည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...