အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

ကုန်း၊ရေမောင်းကား Gibbs Quadski တကယ်ရောက်ပြီ


 အမေရိကန်ဒေါ်လာ ၄ သောင်းနဲ့ ဈေးကွက်မှာ တကယ် ရောင်းချနေပါပြီ။ဆွစ်ဇာလန် Alan Gibbs အမည်ရ ကုမ္မဏီက အမေရိကန်မှာထုတ်တဲ့ ကား ဖြစ်ပါတယ်။ ကားဆိုင်ကယ်ပါ။ လမ်းမမှာလည်း တရားဝင်မောင်းနှင် ခွင့် ရတဲ့ ကား ဖြစ်ပါတယ်။ တစ်နာရီ ၄၅ မိုင်ပဲ သွားနိုင်ပါတယ်။ ကုန်းရော၊ ရေရော မောင်းနှင်လို့ ရပြီး၁၃၀၀စီစီlဆလင်ဒါလေးလုံးပူးအင်ဂျင်ကိုအသုံးပြုပါတယ်။ဂီယာက၅ချက်ရိုးရိုးကိုအသုံးပြု ပါတယ်။
နောက်ဘီးမောင်းစနစ်ကို အသုံးပြုပါတယ်။ အလေးချိန်က ၁၃၃၃ ပေါင် ပါ။ ရေထဲရောက်ရင် ဘီးကိုအပေါ်သိမ်းပြီး မော်တာ ဒလက်နဲ့ မောင်း ပါတယ်။ ရေဆိုင်ကယ်လိုပါပဲ။ ကုန်းပေါ်ရောက်ရင် တော့ ဘီးပြန်ချပြီး ကမ်းခြေဆိုင်ကယ်လို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အောက်ထစ်ဈေး အမေရိကန်ဒေါ်လာ ၄ သောင်းနဲ့ စတင်ရောင်း ချနေပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
ColayOnline

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...