မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးနေသည့် တောင်သူများအား တွေ့ရစဉ်
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ နှစ်စဉ်
မေ ၁ ရက်မှ ၁၀ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေ ၁၅ ရက်ဝန်းကျင်၊
အလယ်ပိုင်းဒေသသို့ မေလ ၂၀ ရက်ဝန်းကျင်၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့
မေ ၂၅ ရက်ဝန်းကျင်တွင် နှစ်စဉ်ဝင်ရောက်သော ပုံမှန်အချိန် ဖြစ်သည်ဟု
သိရှိရသည်။
ယခုနှစ် အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုသည် မြန်မာနိုင်ငံ
တောင်ပိုင်းဒေသတွင် ၁၀ ရက်ခန့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခုနစ်ရက်ခန့်
နောက်ကျခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့
ဝင်ရောက်ရမည့်
အချိန်တွင်လည်း ၀င်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။
မုတ်သုံဝင်ရောက်သည် ဆိုသည်မှာ မိုးရေချိန် နှစ်မီလီမီတာဝန်းကျင်၊
သို့မဟုတ် နေ့စဉ်တူညီမှုရှိသော မိုးရေချိန်ဖြင့် ငါးရက်ဆက်တိုက် မိုးစတင်
ရွာသွန်းခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် အနောက်တောင် မုတ်သုံလေ ၀င်ရောက်ရန်
အခြေအနေ မရှိသေးသည့်အပြင် မိုးဦးမိုး နည်းပါးမည့် သဘောကို တွေ့နေရကြောင်း
Myanmar Climate Change Watch မှ ခန့်မှန်းထားသည်။
မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ
ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့်
နယ်ပယ်မှာ ကျန်းမာရေးနှင့်...
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ ပါဝင်နေသည်။
အဆိုပါ ဒေသများတွင် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကာ
ယခုနှစ်များအတွင်း မိုးနည်းပါးခြင်း၊ မိုးခေါင်ခြင်းတို့သည်
တောင်သူများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း အလယ်ပိုင်းဒေသတွင် မိုးနည်းပါးခဲ့သဖြင့်
တောင်သူများသည် ပျိုးပင်များ ပျိုးအချိန်မီ မထောင်နိုင်သဖြင့်
ပျိုးပုပ်ခြင်း စသည့်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။
အနောက်တောင် မုတ်သုံလေ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံဝင်ရောက်ပြီးသော
ကာလဖြစ်သည့် ဇွန်လဆန်းသည် မိုးဦးရာသီဖြစ်ပြီး ယခုနှစ် မိုးဦးရာသီ၏
မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့်
ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုမို၍
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲ
မိုးရေချိန်အောက် လျော့နည်းနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု
ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ နှစ်စဉ်မုတ်သုံ ၀င်ရောက်မှုသည် ၁၉၇၇ ခုနှစ်
နောက်ပိုင်းတွင် နောက်ကျလာခဲ့ပြီး မုတ်သုံဆုတ်ခွာမှုမှာမူ စောလာခဲ့သည်ဟု
သိရသည်။ မိုးရွာသွန်းသည့် ကာလမှာလည်း တိုတောင်းလာခဲ့သည်။ မိုးရွာသွန်းရက်
၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။
ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ
ကျန်းမာရေးနှင့် စိုက်ပျိုးရေး နယ်ပယ်တို့ဖြစ်သည်။
မေ ၂၅ ရက် ခန့်မှန်းအပူချိန်
| မြို့အမည် | အမြင့်ဆုံးအပူချိန် (ဒီဂရီစင်တီဂရိတ်) |
| မြင်းခြံ | ၃၇ |
| မန္တလေး | ၃၆ |
| မုံရွာ | ၃၆ |
| ပခုက္ကူ | ၃၅ |
| ပြည် | ၃၅ |
| နေပြည်တော် | ၃၄ |
| ပုသိမ် | ၃၃ |
| ရန်ကုန် | ၃၂ |
| ပဲခူး | ၃၂ |
| မော်လမြိုင် | ၃၁ |
| စစ်တွေ | ၃၁ |


