စွန့်ပစ်ရေများ စွန့်ပစ်နေသည့် လှိုင်မြစ်အတွင်း ငါးဖမ်းသူများ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်အချို့မှ မြေနှင့်ရေများတွင်
အန္တရာယ်ပြုနိုင်သည့် သတ္တုဒြပ်စင်များ၏ ပါဝင်မှု ပမာဏကို တိုင်းတာစစ်ဆေးခဲ့ရာ
ယင်းတို့အနက်မှ Fe (သံဓာတ်)၊ Zn (ဇင့်ဓာတ်)၊ Mn (မဂ္ဂနိ)နှင့်
Cu(ကော့ပါး)များမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခွင့်ပြုထားသည့် ပမာဏထက်
ပိုမိုပါဝင်နေကြောင်း ကျန်းမာရေး သုတေသန စာတမ်းအရ သိရပါသည်။
အဆိုပါစာတမ်းကို ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)၊ ရူပဗေဒဌာန
(ရန်ကုန်တက္ကသိုလ်)နှင့် တက္ကသိုလ်များ သိပ္ပံသုတေသနဌာန (ရန်ကုန်တက္ကသိုလ်)တို့
ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့်
''သတ်မှတ်နယ်မြေများရှိ
မြေကြီးနှင့် ရေတို့တွင်ပါဝင်သည့် ဒြပ်စင်ပမာဏကို လေ့လာခြင်းသုတေသန''
အမည်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စာတမ်းပြုစုရန်အတွက် တောင်ဒဂုံ စက်မှုဇုန်မှ မြေကြီးနမူနာ ၂၇ ခု၊ ရေနမူနာ
ခြောက်ခု၊ လှိုင်သာယာ စက်မှုဇုန်မှ မြေကြီးနမူနာ ၁၄ ခု၊ ရေနမူနာကိုးခုနှင့်
စက်မှုဇုန် မဟုတ်သည့်နေရာ (သင်္ဃန်းကျွန်း)မြို့နယ်မှ မြေကြီးနမူနာ ၁၀ ခု၊
ရေနမူနာ ၁၀ ခုတို့ကို စုဆောင်းခဲ့ပြီး နမူနာအားလုံးကို
လျို့ဝှက်အမှတ်အသားများ သတ်မှတ်ကာ တိုင်းတာရန် စံချိန်သတ်မှတ်ချက်အတိုင်း
ပြင်ဆင်ပြီး EDXRF နည်းပညာ အသုံးပြု၍ တိုင်းတာခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာစက်မှုဇုန်နှင့်
တောင်ဒဂုံ စက်မှုဇုန်မှ စွန့်ပစ်ရေများကို လှိုင်မြစ်နှင့်
ငမိုးရိပ်ချောင်းများ အတွင်းသို့ စွန့်ပစ်ခြင်းဖြစ်ပြီး
ယင်းမြစ်ချောင်းများအနီးရှိ ကျေးရွာများမှ ပြည်သူများသည် နွေရာသီတွင်
မြစ်လယ်မှ ရေများကို သုံးရေအဖြစ်သာမက သောက်သုံးရေအဖြစ် မကျိုချက်ဘဲ
အသုံးပြုလေ့ရှိ...
တောင်ဒဂုံစက်မှုဇုန်ရှိ ရေများတွင် Fe (၂၂၈.၈၁±၁၄၂.၀၇) ppm၊ Cu (၂၄.၂၉ ±
၁.၅၇) ppm၊ Cu(၂၆.၅၇ ± ၁.၃၅) ppm နှင့် လှိုင်သာယာ စက်မှုဇုန်ရှိ ရေများတွင်
Fe(၂၁၉.၀၈±၉.၉၇)ppm။ ။ Cu (၂၆.၃၉ ± ၁.၄၁) ppm။ ။Zn (၂၁.၈၇ ± ၀.၅၄) ppm။ Mn
(၂၄.၅၅ ± ၁.၆၈)ppm ပါဝင်နေပြီး ၎င်းတို့ပါဝင်မှုသည် ခွင့်ပြုပမာဏထက်
ကျော်လွန်နေခြင်း ဖြစ်သည်။ ယင်းဒြပ်စင်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ
ခွင့်ပြုပမာဏ PrSmFe(၁ppm)၊ Mn(၀.၅ ppm) Cu(၁.၅ ppm)၊ Zn (၁၅ ppm)တို့
သတ်မှတ်ထားသည်။
လှိုင်သာယာစက်မှုဇုန်နှင့် တောင်ဒဂုံ စက်မှုဇုန်မှ စွန့်ပစ်ရေများကို
လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းများ အတွင်းသို့ စွန့်ပစ်ခြင်းဖြစ်ပြီး
ယင်းမြစ်ချောင်းများအနီးရှိ ကျေးရွာများမှ ပြည်သူများသည် နွေရာသီတွင်
မြစ်လယ်မှ ရေများကို သုံးရေအဖြစ်သာမက သောက်သုံးရေအဖြစ် မကျိုချက်ဘဲ
အသုံးပြုလေ့ရှိကြောင်း၊ အဆိုပါ ရေများကို သောက်သုံးမိသူများ အနေဖြင့်
အဆစ်အမြစ်နှင့် အသည်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ကြောင်းနှင့်
ကလေးငယ်များတွင် ဦးနှောက် အာရုံကြောဆိုင်ရာ ရောဂါများကို
ဖြစ်စေနိုင်ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်)၊ အမျိုးသား
အဆိပ်ထိန်းချုပ်မှုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြတ်ဘုန်းကျော်က ဆိုသည်။
Eleven Media Group