အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

နှစ်သက်တမ်း ၇၀၀ ကျော်ရှိ ပခန်းကြီးမြို့ရိုး အစိတ်အပိုင်း ပြိုကျပျက်စီးမှု ယခင်ထက် ပိုမိုများလာ

ပခုက္ကူခရိုင်၊ ပခန်းကြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ မြန်မာနိုင်ငံ ရှေးဟောင်းမြို့ရိုးများထဲတွင် ထုထည်အကြီးမားဆုံးနှင့် နှစ်သက်တမ်း ၇၀၀ ကျော်ရှိပြီဖြစ်သော ပခန်းကြီးမြို့ရိုး၏ အစိတ်အပိုင်းများ ပြိုကျပျက်စီးမှုမှာ ယခင်ထက် ပိုမိုများပြားလာကြောင်း သတင်းရရှိပါသည်။
အဆိုပါ ပခန်းကြီးမြို့ရိုးအား မြန်မာသက္ကရာဇ် ၆၆၇ ခုနှစ်တွင် ပခန်းမင်း တစ်စည်းရှင်သီဟသူမှ စတင်တည်ဆောက်ခဲ့ပြီးနောက် မြန်မာသက္ကရဇ် ၁၁၀၀ ပြည့်နှစ်တွင် မဟာဓမ္မရာဇာဓိပ္ပတိ (ဟံသာဝတီရောက်မင်း)မှ ထပ်ဆင့်တည်ဆောက်ခဲ့သော မြို့ရိုးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း
ကျန်ရှိနေသေးသော ရှေးဟောင်းမြို့ရိုးများထဲတွင် အကောင်းအတိုင်း အများဆုံး ကျန်ရှိနေသေးသော ရှေးဟောင်း မြို့ရိုးတစ်ခုဖြစ်ကြောင်း သိရသည်။
ပခန်းကြီးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းတွင် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်နှောင်း လက်ရာများ တည်ရှိသော ရှေးဟောင်း အဆောက်အအုံ ၃၈၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ မူလနံရံဆေးရေးရှိ အဆောက်အအုံပေါင်း ၃၀ ကျော် ကျန်ရှိနေသေးပြီး...
''ပခန်းကြီးမြို့ရိုးရဲ့ နှစ်သက်တမ်းဟာ ၇၀၀ ကျော် ရှိနေပေမယ့် အပျက်အစီးလည်း အတော်နည်းသေးတယ်။ မြောက်ဘက်နဲ့ အနောက်ဘက် မြို့ရိုးတွေဆိုရင် တော်တော်များများ အကောင်းတိုင်း ကျန်နေသေးတယ်။ မူလတည်ဆောက်စဉ်တုန်းက အုတ်စီအုတ်နင်းတွေလည်း ခုထိမြင်နေရတုန်းပဲ။ အရှေ့ဘက်နဲ့ တောင်ဘက်ကတော့ အတော်လေး အပျက်စီး များနေပြီ။ ပြန်ပြီးထိန်းသိမ်းတာတွေ လုပ်သင့်တယ်။ ထိန်းသိမ်းဖို့အတွက် ပညာရှင်တွေလည်း လိုအပ်သလို ငွေကြေးပိုင်းမှာလည်း အများကြီး လိုပါတယ်'' ဟု ပခန်းကြီး ရှေးဟောင်း သုတေသနဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
''ပခန်းကိုလာတဲ့ နိုင်ငံခြားခရီးသွားတွေက မြို့ရိုးကို သိပ်မ၀င်စားကြတော့ဘူး။ မြို့ရိုးမြင်ကွင်းတွေကလည်း ဆူးပင်တွေနဲ့ အတော်လေးကို ကွယ်သွားပြီ။ ပခန်းကြီး ကျောင်းတော်ကိုပဲ လေ့လာကြတာများတယ်။ ပခန်းမှာ တခြားထိန်းသိမ်းစရာ အဆောက်အအုံတွေလည်း အများကြီး ရှိနေသေးတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပခန်းကြီးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းတွင် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်နှောင်း လက်ရာများ တည်ရှိသော ရှေးဟောင်း အဆောက်အအုံ ၃၈၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ မူလနံရံဆေးရေးရှိ အဆောက်အအုံပေါင်း ၃၀ ကျော် ကျန်ရှိနေသေးပြီး အဆိုပါ နယ်မြေ ဒေသတွင်းတွင် နိုင်ငံခြားခရီးသွား အများစု လာရောက်ရာ နှစ်သက်တမ်း ၁၄၈ နှစ်ရှိ ပခန်းကြီး သစ်သားကျောင်းတော်ရာလည်း တည်ရှိကြောင်း သိရသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...