စမ်းချောင်းမြို့နယ် ရှင်စောပုလမ်း အောင်ချမ်းသာရပ်ကွက် အိမ်အမှတ်(၁) မှာ
အိမ်ဖြို ဖျက်ရင်း နဲ့ပြိုကျ မှုကြောင့် လူတစ်ဦး သေဆုံး ပြီး ၃ယောက်
ဒဏ်ရာရ သွားတယ်လို့သိရပါတယ်။“ဖြစ်တာက ၉နာရီ ၁၀မိနစ်
မှာဖြစ်ဖြစ်ချင်းနေရာမှာ တစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။နှစ်ယောက် က
ဒဏ်ရာပြင်းထန်တယ်။ “လို့ အောင်ချမ်းသာရပ်ကွက် ရာ အိမ်မှုး
ဦးမိုးမြင့်ကပြောပါတယ်။သေဆုံးသူ ကိုထွန်းလွင်မျိုး ဖြစ်ပြီး ဒဏ်ရာ
ရသူတွေကတော့ ကိုရှိန်းကို၊ ကိုမိုးကျော်သူ ၊ကိုသီဟ တို့ဖြစ်တယ်လို့
သိရပါတယ်။ အဲဒီအိမ်ကို ဦးနိုင်တိုး အပါအ၀င် မိသားစု ၀င် နှစ်ဦးက
ပိုင်ဆိုင်တယ်လို့ ဦးမိုးမြင့်ကပြောပါတယ်။အဆိုပါကိုဖြိုဖျက် တဲ့ နေရာမှာ တာဝန်ယူ ထား တဲ့ အင်ဂျင်နီယာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။