အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

အီတာလျံ- ထိုင်း ကုမ္ပဏီရဲ့ ရေအားလျှပ်စစ် စီမံကိန်း ကန့်ကွက်ခံထားရ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းခွင် တနေရာ၊ ဓာတ်ပုံ- ဧရာဝတီ 
 မြန်မာနိုင်ငံ တနင်္သာရီတိုင်းအတွင်းက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အဓိက ရှယ်ယာအများစုနဲ့ လုပ်ကိုင်နေတဲ့ အီတာလျံ- ထိုင်း ကုမ္ပဏီက လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ထိုင်းနိုင်ငံကို တင်ပို့ရေး ကိစ္စပါ လုပ်ဆောင်နေရင်း မီဂ္ဂါဝပ် ၈၀၀ ရေအားလျှပ်စစ် စီမံကိန်း တခုကို လုပ်ဆောင်ဖို့ ရှိခဲ့ပါတယ်။ဒါပေမယ့် အဲဒီ စီမံကိန်းကို သမ္မတရုံးက ဆိုင်းငံ့ထားဖို့ အမိန့် ရောက်လာတယ်လို့ Energy Business Review က ရေးသား ဖော်ပြထားပါတယ်။ 


လေ့လာမှု တခုအရ တနင်္သာရီတိုင်း မြိတ်မြို့အနီးက စီမံကိန်းဟာ ဒေသတ၀ိုက် လယ်မြေဧက ၆ သောင်း တထောင်ခန့် ကို ရေလွှမ်းမိုးမှု အန္တရာယ် ကျရောက်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ 

အီတာလျံ- ထိုင်း ကုမ္ပဏီနဲ့ နီးစပ်သူ တဦးက အဆိုပါ အေဂျင်စီ သတင်းကို ပြောရာမှာတော့ “ အဲဒီနေရာ က ရွှေတော် တော်များများ ထွက်တယ်။ ကုမ္ပဏီက ကြိုတင် စမ်းစစ် လေ့လာမှုတော့ လုပ်ပြီးပါပြီ။ စီမံကိန်း 
တော့ မ စရသေးဘူး။ ဒါပေမယ့် လမ်းတွေကတော့ ဖောက်ပြီးသွားပြီ” လို့ ပြောဆိုထားတာကို Energy Business Review က ဖော်ပြထားပါတယ်။ 

ကုမ္ပဏီအနေနဲ့ ရေအားလျှပ်စစ် မီဂ္ဂါဝပ် ၁၀၄၀ ထိ အဆင့်မြှင့် လုပ်ဖို့တောင် စီစဉ်ထားတာလို့လည်း သိရပါတယ်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...