ချင်းတိုင်းရင်းသူ အဘွားဒေါ်မှဲထလွဲအား မေ ၂၄ ရက်က တွေ့ရစဉ်
ချင်းတိုင်းရင်းသူ အဘွားအိုတစ်ဦးသည် အသက် ၁၁၈ နှစ် ပြည့်ပြီဟု
ဆိုသော်လည်း မှတ်တမ်းအချက်အလက် အားနည်းမှုကြောင့် တိတိကျကျ အတည်ပြုရန်
ခက်ခဲနေပြီး ချင်းတိုင်းရင်းသူ ဒေါ်မှဲထလွဲ (မှတ်ပုံတင်နံပါတ်
၅/ကလထ(နိုင်)၀၁၁၀၅၂) သည် အသက် ၁၁၈ နှစ်ပြည့်ပြီဟု ဆိုသော်လည်း မှတ်တမ်း
အချက်အလက် အားနည်းမှုကြောင့် တိတိကျကျ အတည်ပြုရန် ခက်ခဲလျက် ရှိသည်ဟု
သိရပါသည်။
သူ့ကိုအသက် ၁၁၈ နှစ်ဆိုတာ မှတ်ပုံတင်တွေတော့ မပြနိုင်ဘူး။ ကျွန်မရဲ့သမီးက
လ၀ကရုံးမှာ အိမ်ထောင်စု ဇယားတွေ လုပ်ရင်းကြည့်ခဲ့တာ ၁၈၉၅-ခုနှစ်ဖွားလို့
ပြောပါတယ်။ ကျွန်မတို့ အနူးရဲ့အစ်မရဲ့သား (အဆိုပါ အဘွား၏တူဖြစ်သူ) ကလည်း
သူ့အမေဟာ အသက်တစ်ရာကျော်မှာ သေသွားတော့ သူ့အဒေါ်ဟာလည်း အသက်တစ်ရာ
ကျော်ပြီလို့...
''သူ့ကိုအသက် ၁၁၈ နှစ်ဆိုတာ မှတ်ပုံတင်တွေတော့ မပြနိုင်ဘူး။
ကျွန်မရဲ့သမီးက လ၀ကရုံးမှာ အိမ်ထောင်စု ဇယားတွေ လုပ်ရင်းကြည့်ခဲ့တာ
၁၈၉၅-ခုနှစ်ဖွားလို့ ပြောပါတယ်။ ကျွန်မတို့ အနူးရဲ့အစ်မရဲ့သား (အဆိုပါ
အဘွား၏တူဖြစ်သူ) ကလည်း သူ့အမေဟာ အသက်တစ်ရာကျော်မှာ သေသွားတော့
သူ့အဒေါ်ဟာလည်း အသက်တစ်ရာ ကျော်ပြီလို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က
ပြောခဲ့တယ်။ ကျွန်မတို့နေတဲ့ ကလေးမြို့နယ် နတ်ချောင်ကျေးရွာ အနီးမှာရှိတဲ့
ဟားခါးလေး ကျေးရွာကို သူမတို့ (အဘွား Hme Thluai) တည်ခဲ့တဲ့ရွာလို့
ပြောပါတယ်။ အခု သူမရဲ့ သားအကြီးက အသက် ၈၆ နှစ်လောက်ရှိပြီး ဟားခါးမြို့မှာ
နေထိုင်ပါတယ်။ အဆက်အသွယ်တော့ မရပါဘူး'' ဟု အဆိုပါ အဘွားမေထွဲလ် (Hme
Thluai) နှင့် အတူနေထိုင်လျက်ရှိသော အဘွား၏ ငါးယောက်မြောက် သားဖြစ်သူ၏ဇနီး
ဒေါ်စန်းစန်းဝေ (ချင်းနာမည် - တီးယားနွမ်) (အသက် ၅၉ နှစ်)က
ပြောကြားခဲ့ပါသည်။
အဆိုပါ ကိစ္စအား ကလေးမြို့နယ် လ၀က၊ မြို့နယ်ဦးစီးမှူးထံသို့ အတည်ပြုချက်
ရယူခဲ့ရာ ''သူ့မှတ်တမ်းကို ကျွန်တော်တို့ ပြန်ကြည့်တော့ သူမရဲ့
မွေးသက္ကရာဇ်က ၁၂၈၆ ခုနှစ် နယုန်လဆုတ် ၅ ရက်လို့ တွေ့ပါတယ်။ အသက် ၈၉
နှစ်ထဲမှာလို့ မှတ်ယူရမယ်'' ဟု မေ ၂၀ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
ချင်းတိုင်းရင်းသူ ဒေါ်မှဲထလွဲသည် ကလေးမြို့နယ် စမ်းမြို့ရပ်ကွက် အိမ်အမှတ်
(၂၊ ၆၆)တွင် သူမ၏ မိသားစုနှင့်အတူ ကျန်းမာစွာ နေထိုင်လျက်ရှိသည်။

ဒေသတွင်း ထုတ်ဝေလျက်ရှိသော The Chin Times ဂျာနယ်တွင် ချင်းတိုင်းရင်းသူ ဒေါ်မှဲထလွဲ၏ သတင်းကိုတွေ့ရစဉ်
ဒေါ်မှဲထလွဲ၏ အသက် ၁၁၈ နှစ်ပြည့်သော သတင်းနှင့် သူမအကြောင်းများကို
ဒေသတွင်း ထုတ်ဝေလျက်ရှိသော The Chintimes ဂျာနယ်၊ တာဟန်းတိုင်းဂျာနယ်၊ The
Chin ဂျာနယ်တို့တွင် အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ယခုအခါ
အွန်လိုင်းသတင်းများတွင် ပျံ့နှံ့လျက် ရှိသည်ဟု သိရပါသည်။
''ဒီသတင်းကို ရဖို့အတွက် လ၀ကဌာနက တစ်ဆင့် အဘွားမှတ်ပုံတင်လုပ်တဲ့
စာရွက်စာတမ်းတွေကို ကျွန်တော်တို့ မိတ္တူဆွဲခဲ့တယ်။ ပုံစံ နိုင်-၂ ကိုပေါ့။
အဲဒီထဲမှာ အဘွားကြီးရဲ့မွေးသက္ကရာဇ်ပါတယ်။ အဲဒီအချက်အလက်ကို ကျွန်တော်
အတည်ပြုတယ်။ ဧပြီလ လယ်ပိုင်းလောက်က ဖြစ်တယ်။ ကျွန်တော့် ဂျာနယ်မှာ
သုံးကြိမ်ဖော်ပြခဲ့တယ်။ သူမရဲ့ အသက် ၁၁၈ နှစ်ဆိုတာ သေချာတယ်လို့
ယုံကြည်လို့ ဖော်ပြခဲ့တာပါ။ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်က ဂျပန်ကပါ။
အသက် ၁၁၆ နှစ်ပဲရှိတယ်။ တကယ်လို့ သူမရဲ့ အသက်ဟာ စစ်ဆေးကြည့်လို့
သေချာခဲ့မယ်ဆိုရင် ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေအတွက် ဂုဏ်ယူစရာ
တစ်ခုပေါ့'' ဟု The Chin Times ဂျာနယ်မှ အယ်ဒီတာချုပ် ဇဘွယ်ထောင်းက
ပြောကြားခဲ့ပါသည်။
Eleven Media Group.