အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်မှခိုဝင်လာသူများအား ရခိုင်ပြည်နယ်အစိုးရတာဝန်ယူ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ခိုဝင်လာသူများ၏ စားဝတ်နေရေး အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ယူဆောင်ရွက် ဖြေရှင်းသွားမည်ဖြစ်သည်။
“လောလောဆယ် ကျနော်တို့အစိုးရအဖွဲ့ အိမ်တွေပါပေးမယ်၊ ရပ်ကွက်တစ်ခုမှာ ရွှေရင်အေးတို့ နတလတို့ အဲဒီမှာလဲ သူတို့ကို ချထားပေးမယ်၊ မနေ့ကဆိုရင် ပလက်ဝဘက်က ဝင်လာတဲ့အဖွဲ့ တွေလည်း ရှိတယ်၊ အဲဒါလဲကျောက်တော်မှာ အဆောက်အဦးဆောက်ပေးဖို့အတွက် စီစဉ် နေပါတယ်” ဟု ရခိုင်ပြည်နယ် သတင်းနှင့်ပြန်ကြားရေး အရာရှိတစ်ဦးဖြစ်သည့် ဦးဝင်းမြိုင်က ပြော သည်။
အဆိုပါ ဒေသသို့ ပလက်ဝမြို့နယ် နယ်စပ်မှ ၀င်ရောက်လာသည့် ဒုက္ခသည် ၆၂ ဦးရှိပြီး ရခိုင်အမျိုး သမီးကွန်ယက်မှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

"သူတို့က ဘင်္ဂလားဒေ့ရှ် ရင်္ဂါမတီမြို့နယ်ကနေ ၀င်လာကြာတာပါ။ မောင်တော်ဘက်ကနေရော ပလက်ဝ နယ်စပ်တွေကနေ ၀င်လာကြတာပါ။ ၆၂ဦးလောက်ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ဆရာ တော်တို့ သက်ဆိုင်ရာကို အကူအညီတောင်းပြီး စီစဉ်ပေးထားတယ်"ဟု ရခိုင်အမျိုးသမီးကွန်ယက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်ညိုအေးက ပြောသည်။

ထိုဒုက္ခသည်များအတွက် ဒေသခံများထံမှ အလှူငွေများကောက်ခံပြီး စားသောက်ရေးအတွက် ကူညီ ဆောင်ရွက်ပေးကာ နေထိုင်မှုအတွက် ကျောက်တော်မြို့ ရွှေကျောင်းတွင် စီစဉ်ထားကြောင်း ၄င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သို့ ခိုဝင်ဒုက္ခသည်များအတွက် ရခိုင်လူမှုအဖွဲ့အစည်းများမှ ပံ့ပိုးကူညီလျှက်ရှိပြီး ဒုက္ခသည် အရေအတွက် ( ၁၀၄၆ ) ရှိကြောင်း ၄င်းအဖွဲ့အစည်း ကောက်ခံထားသည့် စာရင်းအရ သိရှိ ရသည်။

အဆိုပါ ခိုဝင်ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကြမ်းဖက်မှုများကြောင့် တိမ်းရှောင် ခြင်းဖြစ်ပြီး ၄င်းတို့မှာ နယ်စပ်ဒေသများတွင် တောင်ယာလုပ်ကိုင်စားသောက်သူများဖြစ်ကြောင်း ဒုက္ခ သည်များက ပြောဆိုသည်။

"နယ်စပ်မှာ တောင်ယာလုပ်စားပါတယ်။ ဟိုကြားဒီကြားနဲ့ မနေနိုင်တော့လိုပါ။ ဟိုမှာအလုပ်လုပ်လာ တာကြာတော့ နေဖြစ်သွားတာပါ။"ဟု ဒုက္ခသည်တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေးရှ်နိုင်ငံမှဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားဒုက္ခသည် အရေအတွက်မှာ မောင်တောမြို့ ခရေမြိုင် တွင် (၃၅၂) ဦး၊ ကပလစတွင် (၁၄၉) ဦး၊ လောင်းဒုံတွင် (၈၉)ဦး၊ အောင်သာယာတွင် (၃၄) ဦး ကံပြင်သာစည်တွင် (၁၀) ဦး ဗောဓိကုန်းတွင် (၃)ဦး၊ ဗဟိုလ်ကျောင်းတွင် (၅၆)ဦး၊ နယ်မြေ(၁)တွင် (၁၉၁)ဦး၊နယ်မြေ(၂)တွင် (၁၆၂)ဦးရှိသည်ဟု ရခိုင် လူမှုရေးအသင်းအဖွဲ့အစည်းများမှ ရရှိထားသော စာရင်းများအရသိရသည်။

မိုးဝေ (မြစ်မခ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...