အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

ပါကစ္စတန်လေယာဉ်ပေါ်ပါ လူနှစ်ယောက် ဗြိတိန်ဖမ်းဆီး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နားက လေဆိပ်တခုကို လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းပိုင် လေယာဉ်တစင်းပေါ်မှာ ပါလာတဲ့ လူ ၂ ယောက်ကို ဗြိတိန်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ Lahore မြို့ကနေ Manchester မြို့ဆီကို သွားတဲ့လေယာဉ်ကို တော်ဝင်လေတပ် တိုက်လေယာဉ်တွေ က ကြားဖြတ်တားဆီးပြီး၊ Stansted လေဆိပ်ကို ဆင်းသက်စေခဲ့ပါတယ်
တာဝန်ရှိသူတွေရဲ့ အပြောအရ လူ ၂ ယောက်ဟာ လေယာဉ်ကို အန္တရာယ်ဖြစ်အောင်လုပ်တယ်လို့ သံယသရှိမှုနဲ့ လေယာဉ်ဆိုက်ရောက် ချိန်မှာ သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
လန်ဒန်မြို့ရပ်ကွက်တခုရဲ့ လမ်းပေါ်မှာ ဗြိတိန် စစ်သားတယောက် ဓားနဲ့ခုတ်သတ်ခံ ရမှုဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ခုလို ဗြိတိန်ဆီလာတဲ့ လေယာဉ်ပျံပေါ် မှာ ပြဿနာဖြစ်တာဖြစ်ပါတယ်။ အဲဒီဓားခုတ်သတ်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့ ယုံကြည်ကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။

VOA

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...