အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

ဆင်းရဲနွမ်းပါးမှု ပြဿနာများကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်သည် ရွှေတြိဂံဒေသအတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံး နေရာတစ်ခု ဖြစ်လာ

ဆင်းရဲနွမ်းပါးမှု ပြဿနာများကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်သည် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ရွှေတြိဂံ ဒေသအတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး နေရာတစ်ခု ဖြစ်နေကြောင်း နယ်သာလန်အခြေစိုက် Transnational Institute မှ ထုတ်ပြန်သော စစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၀၆ ခုနှစ်မှစ၍ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ရွှေတြိဂံဒေသအတွင်း ဘိန်းစိုက်ပျိုးမှု နှစ်ဆမြင့်တက်လာကြောင်း မြန်မာနိုင်ငံတွင်မူ အဓိကအားဖြင့် ပြောင်းလဲမှု ပုံစံသုံးမျိုး ဖြစ်ပေါ်နေပြီး ယင်းအနေအထား တစ်ရပ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း တစ်ပြိုင်နက်ထဲ ဖြစ်ပွားလျက် ရှိကြောင်း ယင်းအနေအထား သုံးမျိုးမှာ(၁) ဆယ်စုနှစ်ကာလကြာအောင် ဘိန်းစိုက်ပျိုးမှု ပုံမှန်ကျဆင်းလာခဲ့ရာမှ ၂၀၀၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာခြင်း (၂) တစ်ချိန်တည်းလိုလိုပင် တရုတ်နိုင်ငံ၏ ဘိန်းအစားထိုး အစီအစဉ် အထူးသဖြင့် ရော်ဘာစိုက်ပျိုးရေး အစီအစဉ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်စိုက်ပျိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းနှင့် ၎င်းနှင့်ဆက်စပ်သည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ဒေသခံတို့၏ နေရာနှင့် အသက်မွေးဝမ်းကျောင်းမှုများကို လက်လွတ်ဆုံးရှုံးရခြင်းတို့ ဖြစ်ပေါ်နေကြောင်း အဆိုပါ Report တွင် ဖော်ပြထားသည်။

''တရုတ်အစိုးရက သူတို့နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့် ဘိန်းအစားထိုးမူဝါဒ ချမှတ်ခဲ့တယ်။ ဒါကြောင့် ဒီဒေသတစ်ဝိုက်မှာ ဘိန်းအစား ရော်ဘာတွေ စိုက်ပျိုးလာကြတယ်။ ဒါပေမဲ့ သူတို့လုပ်ငန်းရှင်တွေပဲ အကျိုးအမြတ် ရသွားတာပါ။ နယ်စပ်ဒေသမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေက မြင့်တက်နေဆဲပါ။ ဒီမူးယစ်ဆေးဝါးကိုပဲ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြတယ်'' ဟု တရုတ်-မြန်မာနယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

EMG

ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ခင်းတစ်ခုအား တွေ့မြင်ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...