အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 May, 2013

တပ်မတော်နှင့် SSPP/SSA သုံးနာရီခန့် တိုက်ပွဲဖြစ်

အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသော တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSPP/SSA တို့သည် ဟိုပုံး မြို့နယ် မိုးပြင်းကျေးရွာအုပ်စု ကြည်တော်ရွာ အနီးတွင် မေလ ၁၇ ရက်က သုံးနာရီခန့်အကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံတို့က The Voice သို့ ဆက်သွယ်ပြောကြားသည်။

ယင်းတိုက်ပွဲမှာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ တပ်မတော်မှ တပ်ရင်းများနှင့် SSPP/SSA တပ်တို့အကြား ဖြစ်ပွားခြင်း ဖြစ်ကြောင်း ၄င်းတို့၏အဆိုအရ သိရသည်။

"လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်။ ရွာသားတစ်ဦး သေပြီးတော့ တစ်ဦး ဒဏ်ရာ ရသွားတယ်။ ဒဏ်ရာရသူကတော့ စဝ်စံထွန်းဆေးရုံမှာ ကုသနေတယ်" ဟု ဆေးရုံသို့ သွားရောက်ခဲ့သူ မြွေတောင်နန်းဟောင်း ကျေးရွာအုပ်စုမှ ဦးခွန်ထွန်းစိန်က ဆိုသည်။
သေဆုံးသူတစ်ဦးကိုမူ ၄င်းအနေနှင့် အတိအကျ ပြောဆိုနိုင်ခြင်းမရှိပေ။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် SSPP/SSA တို့ မတ်လ ၁၁ ရက်နေ့ တွေ့ဆုံခဲ့ရာတွင် တပ်မတော်အရာရှိကြီး များလည်း ပါဝင်ခဲ့ သည့်အတွက် တိုက်ပွဲများ ဆက်လက်မဖြစ် ပွားစေရန် တပ်ပိုင်းဆိုင်ရာ အောက်ခြေအထိ ဆွေးနွေးရန် နှစ်ဖက်သဘောတူခဲ့သည်။

အစိုးရနှင့် SSPP/SSA တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသော်လည်း ယင်းကာလ မှ ၂၀၁၃ ခုနှစ် ဧပြီလကုန်ထိ တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့ကြောင်း SSPP/SSA ၏ ကောက်ယူထားသော စာရင်းများ အရ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...