ဒီနေ့ခေတ်မှာ
ကလေးတွေ အဝမလွန်အောင် ကူညီဖို့ လိုအပ်လာနေပါပြီ။ ရောဂါကာကွယ်
ထိန်းချုပ်ရေး စင်တာ (Center for Disease Control and Prevention) က
ကလေးငယ် အဝလွန်ခြင်းနဲ့ ပတ်သက်တဲ့ အချက် အလက် တွေကို ရှာဖွေရာ
အောက်ပါအတိုင်း တွေ့ရှိခဲ့ရပါတယ်။ အသက် ခြောက်နှစ်မှ ၁၁ နှစ်အရွယ်
ကလေးတွေရဲ့ အဝလွန်လာတဲ့ အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း နှစ်ဆကျော်
များပြားလာပါတယ်။
... ၁၉၈၀ မှာ အဝလွန်တဲ့ ကလေးဟာ ခုနှစ် ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၀၄ မှာတော့ ၁၈ ဒဿမ ၈ ရာခိုင်နှုန်း ရှိလာပါတယ်။ အသက် ၁၂ နှစ်မှ ၁၉ နှစ်အရွယ်တွေရဲ့ အဝလွန်လာတဲ့ အရေအတွက်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ သုံးဆကျော် များပြားလာပါတယ်။ အဝလွန်တဲ့ လူငယ်တွေရဲ့ ၆၁ ရာခိုင်နှုန်း ခန့်ဟာ နှလုံးရောဂါဖြစ်ဖို့ အန္တရာယ်ရှိတဲ့ သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စထရော ပမာဏ များပြားခြင်း စတဲ့ ပြဿနာ အနည်းဆုံး တစ်မျိုးကိုတော့ ခံစားနေရပါတယ်။
အဝလွန်တဲ့ ကလေးတွေဟာ အရိုး၊ အဆစ် ပြဿနာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းခြင်းလို စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ အိပ်မပျော်ခြင်းစတဲ့ အန္တရာယ်တွေ ရှိနေကြ ပါတယ်။ အဝလွန်တဲ့ ဆယ်ကျော်သက်တွေဟာ အရွယ်ရောက်လာတဲ့အခါ ပုံမှန် အလေးချိန်ရှိ ကလေးတွေထက် အဝလွန်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
ဒါကြောင့် သူတို့ဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ အမျိုးမျိုးနဲ့ အရိုးအဆစ်ရောင်ရမ်းခြင်း စတဲ့ နာတာရှည် ရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒီနေ့ခေတ်မှာ ကလေးတွေကို အဝ လွန်စေ တဲ့ အချက်တွေဟာ ပတ်ဝန်းကျင် ပုံစံပြောင်းလဲလာခြင်း၊ အစားအသောက် စားသောက်မှု ပုံစံ ပြောင်းလဲလာခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းလာခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မိဘတိုင်းဟာ ကိုယ့်ကလေးတွေကို ကျန်းမာတဲ့ ခန္ဓာကိုယ် အချိုး အစား ရရှိအောင် အိမ်မှာ ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်နေပါတယ်။
၁။ ထရန့်ဖက်စ်ကို ရှောင်ပါ
ပါကင်ဘူးထဲက သရေစာ၊ မုန့်၊ ခရက်ကာ စတဲ့ အစားအသောက်တွေရဲ့ သက်တမ်းကို ပိုကြာကြာခံအောင် အစားအသောက်စက်ရုံတွေက ထရန့်ဖက်စ် (Trams fats) ထည့်သုံး လေ့ရှိပါတယ်။ နယူးအင်္ဂလန် ဆေးဂျာနယ်မှာ ပုံမှန် ထရန့်ဖက်စ် စားသုံးမှု ကြာလာတဲ့အခါ ရလာနိုင်တဲ့ ဆိုးကျိုးတွေ ရှိကြောင်း၊ လေ့လာမှုအရ တစ်နေ့မှာ ထရန့်ဖက်စ် ငါးဂရမ် စားသူ တွေဟာ ထရန့်ဖက်စ် နှစ်ဂရန် စားသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ အန္တရာယ် ၃၀ ရာခိုင်နှုန်း ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကလေးငယ်တွေအတွက် သရေစာ မုန့်ဝယ်တဲ့အခါ Trans Fatty acid အစား Partially Hydrogenated ဒါမှမဟုတ် Nonhydrogenated Unsaturated fats စာတန်းပါတာကို ရွေးဝယ်ပါ။
၂။ အချိုရည် ရှောင်ပါ
သကြားတွေ ပါဝင်တဲ့ ဆော်ဒါ အချိုရည်တွေဟာ ကိုယ်အလေးချိန် မြင့်တက်မှုနဲ့ ဆက်စပ် နေပါတယ်။ ဒါကြောင့် အိမ်မှာ အချိုရည်တွေ ဆောင်ထားတာမျိုး၊ ကျောင်းမုန့်ဘူးနဲ့ အတူ အချိုရည်ဘူးတွေ ထည့်ပေးလိုက်တာမျိုးကို ရှောင်ပါ။ ကလေးကို သစ်သီးဖျော်ရည်သာ တိုက်ပါ။
၃။ အစာတွေ အများကြီး မကျွေးပါနဲ့
တချို့ ကလေးငယ်လေးတွေဟာ အစာတွေကို အများကြီး စားနိုင်ပါတယ်။ Penn State သုတေသနအရ အသက်သုံးနှစ်အရွယ်အထိ ကလေးတွေက အစာအများကြီး မစားကြ သေးပေမယ့် အသက် ငါးနှစ်လောက်ရောက်လာရင်တော့
အစာကို အများကြီး စားနိုင်ကြ ပါတယ်။ ကလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့
ကိုယ်အလေးချိန်ရရှိအောင် သင့်တော် တဲ့ ပမာဏကိုသာ အမြဲထိန်းချုပ်ပြီး
ကျွေးပါ။ အစာကျွေးတဲ့အခါ ဟင်းသီးဟင်းရွက်၊ နို့နဲ့ အသီးအနှံကို
ကျွေးနိုင်ပါတယ်။
၎။ အထိုင် မများပါစေနဲ့
စတန်းဖို့ဒ်ရဲ့ လေ့လာမှု တစ်ခုအရ တီဗီ၊ ဗီဒီယို၊ ကွန်ပျူတာတွေ သုံးစွဲမှု နည်းသူတွေဟာ ကိုယ်အလေးချိန် သိသိသာသာ ပုံမှန် ဖြစ်စေကြောင်း ဆိုပါတယ်။ တစ်ပတ်မှာ နှစ်နာရီ လောက် တီဗီကြည့်ချိန် ပိုသွားတာနဲ့ ဆယ်ကျော်သက်တွေဟာ အဝလွန်မှု နှစ်ရာခိုင်နှုန်း မြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် ကလေးကို တစ်နေ့ နှစ်နာရီထက်ပိုပြီး တီဗီ၊ ဗီဒီယိုနဲ့ ကွန်ပျူတာ မသုံးပါစေနဲ့။
၅။ မိဘ-ဆရာ ပူးပေါင်းပါ
သင့်ကလေးဟာ ကျောင်းမှာ ကိုယ်လက်လှုပ်ရှားမှုရှိရဲ့လား၊ အချိုရည်တွေနဲ့ အာဟာရ တန်ဖိုးမရှိတဲ့ သရေစာတွေပဲ စားနေသလားဆိုတာကို သိနိုင်ဖို့ ကျောင်းက ဆရာ၊ ဆရာမ တွေကို မေးမြန်းပါ။
Ref: Good Health
... ၁၉၈၀ မှာ အဝလွန်တဲ့ ကလေးဟာ ခုနှစ် ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၀၄ မှာတော့ ၁၈ ဒဿမ ၈ ရာခိုင်နှုန်း ရှိလာပါတယ်။ အသက် ၁၂ နှစ်မှ ၁၉ နှစ်အရွယ်တွေရဲ့ အဝလွန်လာတဲ့ အရေအတွက်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ သုံးဆကျော် များပြားလာပါတယ်။ အဝလွန်တဲ့ လူငယ်တွေရဲ့ ၆၁ ရာခိုင်နှုန်း ခန့်ဟာ နှလုံးရောဂါဖြစ်ဖို့ အန္တရာယ်ရှိတဲ့ သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စထရော ပမာဏ များပြားခြင်း စတဲ့ ပြဿနာ အနည်းဆုံး တစ်မျိုးကိုတော့ ခံစားနေရပါတယ်။
အဝလွန်တဲ့ ကလေးတွေဟာ အရိုး၊ အဆစ် ပြဿနာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းခြင်းလို စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ အိပ်မပျော်ခြင်းစတဲ့ အန္တရာယ်တွေ ရှိနေကြ ပါတယ်။ အဝလွန်တဲ့ ဆယ်ကျော်သက်တွေဟာ အရွယ်ရောက်လာတဲ့အခါ ပုံမှန် အလေးချိန်ရှိ ကလေးတွေထက် အဝလွန်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
ဒါကြောင့် သူတို့ဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ အမျိုးမျိုးနဲ့ အရိုးအဆစ်ရောင်ရမ်းခြင်း စတဲ့ နာတာရှည် ရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒီနေ့ခေတ်မှာ ကလေးတွေကို အဝ လွန်စေ တဲ့ အချက်တွေဟာ ပတ်ဝန်းကျင် ပုံစံပြောင်းလဲလာခြင်း၊ အစားအသောက် စားသောက်မှု ပုံစံ ပြောင်းလဲလာခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းလာခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မိဘတိုင်းဟာ ကိုယ့်ကလေးတွေကို ကျန်းမာတဲ့ ခန္ဓာကိုယ် အချိုး အစား ရရှိအောင် အိမ်မှာ ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်နေပါတယ်။
၁။ ထရန့်ဖက်စ်ကို ရှောင်ပါ
ပါကင်ဘူးထဲက သရေစာ၊ မုန့်၊ ခရက်ကာ စတဲ့ အစားအသောက်တွေရဲ့ သက်တမ်းကို ပိုကြာကြာခံအောင် အစားအသောက်စက်ရုံတွေက ထရန့်ဖက်စ် (Trams fats) ထည့်သုံး လေ့ရှိပါတယ်။ နယူးအင်္ဂလန် ဆေးဂျာနယ်မှာ ပုံမှန် ထရန့်ဖက်စ် စားသုံးမှု ကြာလာတဲ့အခါ ရလာနိုင်တဲ့ ဆိုးကျိုးတွေ ရှိကြောင်း၊ လေ့လာမှုအရ တစ်နေ့မှာ ထရန့်ဖက်စ် ငါးဂရမ် စားသူ တွေဟာ ထရန့်ဖက်စ် နှစ်ဂရန် စားသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ အန္တရာယ် ၃၀ ရာခိုင်နှုန်း ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကလေးငယ်တွေအတွက် သရေစာ မုန့်ဝယ်တဲ့အခါ Trans Fatty acid အစား Partially Hydrogenated ဒါမှမဟုတ် Nonhydrogenated Unsaturated fats စာတန်းပါတာကို ရွေးဝယ်ပါ။
၂။ အချိုရည် ရှောင်ပါ
သကြားတွေ ပါဝင်တဲ့ ဆော်ဒါ အချိုရည်တွေဟာ ကိုယ်အလေးချိန် မြင့်တက်မှုနဲ့ ဆက်စပ် နေပါတယ်။ ဒါကြောင့် အိမ်မှာ အချိုရည်တွေ ဆောင်ထားတာမျိုး၊ ကျောင်းမုန့်ဘူးနဲ့ အတူ အချိုရည်ဘူးတွေ ထည့်ပေးလိုက်တာမျိုးကို ရှောင်ပါ။ ကလေးကို သစ်သီးဖျော်ရည်သာ တိုက်ပါ။
၃။ အစာတွေ အများကြီး မကျွေးပါနဲ့
တချို့ ကလေးငယ်လေးတွေဟာ အစာတွေကို အများကြီး စားနိုင်ပါတယ်။ Penn State သုတေသနအရ အသက်သုံးနှစ်အရွယ်အထိ ကလေးတွေက အစာအများကြီး မစားကြ သေးပေမယ့် အသက် ငါးနှစ်လောက်ရောက်လာရင်တော့
၎။ အထိုင် မများပါစေနဲ့
စတန်းဖို့ဒ်ရဲ့ လေ့လာမှု တစ်ခုအရ တီဗီ၊ ဗီဒီယို၊ ကွန်ပျူတာတွေ သုံးစွဲမှု နည်းသူတွေဟာ ကိုယ်အလေးချိန် သိသိသာသာ ပုံမှန် ဖြစ်စေကြောင်း ဆိုပါတယ်။ တစ်ပတ်မှာ နှစ်နာရီ လောက် တီဗီကြည့်ချိန် ပိုသွားတာနဲ့ ဆယ်ကျော်သက်တွေဟာ အဝလွန်မှု နှစ်ရာခိုင်နှုန်း မြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် ကလေးကို တစ်နေ့ နှစ်နာရီထက်ပိုပြီး တီဗီ၊ ဗီဒီယိုနဲ့ ကွန်ပျူတာ မသုံးပါစေနဲ့။
၅။ မိဘ-ဆရာ ပူးပေါင်းပါ
သင့်ကလေးဟာ ကျောင်းမှာ ကိုယ်လက်လှုပ်ရှားမှုရှိရဲ့လာ
Ref: Good Health