မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီ ၀င်ထွက်ပေါက်သည် ထိုင်းနိုင်ငံ ထုတ်ကုန်များ ပြည်တွင်းဈေးကွက်သို့ ကုန်သွယ်မှုပြုရာတွင် တိုတောင်းသည့် လမ်းကြောင်းဖြစ်ခြင်း၊ ကုန်သွယ်မှု မြန်ဆန်လာခြင်းတို့ကြောင့် ဒေသတွင်း ကုန်သည်များအပြင် ရန်ကုန်၊ ...မန္တလေးနှင့် အခြားမြို့များမှ ကုမ္ပဏီများ လာရောက်လုပ်ကိုင် လာကြရာ ကုန်ပစ္စည်း သိုလှောင်မည့် ဂိုဒေါင်လိုအပ်ချက် မြင့်တက်လျက်ရှိကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းအား မြန်မာ-ထိုင်း နယ်ခြားသောင်ရင်းမြစ်ဖြတ်ကေ
"ကားချင်း ချိန်းတင်ပေမယ့် မြန်မာကုန်တင်ကား အဆင်သင့် မဖြစ်ရင် အတော် ဒုက္ခရောက်ပါတယ်။ ဂိုဒေါင်ငှားလို့လည်း မရ၊ ၀ယ်ဖို့ကလည်း ဈေးအရမ်း မြင့်နေတယ်။ နိုင်ငံတော်က ဂိုဒေါင်မြေနေရာ တိုးချဲ့ပေးမယ်ဆိုရင် ကုမ္ပဏီသုံးဆယ်ကျော် ၀ယ်ယူလုပ်ဆောင်ဖို့ အဆင်သင့် ရှိပါတယ်" ဟု ရန်ကုန်မှ လာရောက်လုပ်ကိုင်သည့် သွင်းကုန်ထုတ်ကုန် ကုမ္ပဏီလုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ သွင်းကုန်ထုတ်ကုန် လုပ်ငန်းနှင့် ပတ်သက်၍ မြ၀တီအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက "ယခင်က နယ်မြေအေးချမ်းမှုလည်း မရှိ၊ တံတားလည်း ဖွင့်လိုက်၊ ပြန်ပိတ်လိုက်နဲ့ ခန့်မှန်းမရတဲ့ အနေအထားတွေကြောင့် မိမိရဲ့ ကုန်သွယ်မှု လုပ်ငန်းကို စနစ်တကျ ကြိုတင်ပြင်ဆင် မထားတဲ့ သူတွေအတွက် ဂိုဒေါင်ရရှိမှု အခက်အခဲ ဖြစ်တာပါ" ဟု ဆိုသည်။
မြ၀တီ ကုန်သွယ်ရေးစခန်းကို စတင်တည်ဆောက်ခဲ့စဉ်က သွင်းကုန်လုပ်ငန်းရှင်များန
မြ၀တီ နယ်စပ်မှ ကုန်သွယ်မှု အားကောင်းလာခြင်းနှင့်အတူ ကုန်သွယ်မှု လုပ်သူများအနေုဖြင့် စီးပွားရေး သမားကဲ့သို့ မကျင့်သုံးဘဲ ကုန်သည်ကြီးများကဲ့သို့ ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်ကြရန် လိုအပ်ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Eleven Media Group