မြန်မာဗုဒ္ဓဂယာ
ခရီးသွားများအတွက် ရန်ကုန်-နီပေါ တိုက်ရိုက်လေကြောင်းလိုင်း
ပြေးဆွဲပေးနိုင်ရန် မြန်မာနိုင်ငံ အစိုးရ၊ မြန်မာ့လေကြောင်း
စသည့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းထားကြောင်း မေ ၁၇ ရက်က ရန်ကုန်မြို့
Sedona Hotel တွင် ပြုလုပ်ခဲ့သည့် နီပေါနိုင်ငံ ...ခရီးသွားလုပ်ငန်း အဖွဲ့အစည်း (Nepal Tourism Board) ၏ ဈေးကွက်မြှင့်တင်မှုဆိုင်ရာ ဟောပြောပွဲတွင် Nepal Airlines မှ ဒါရိုက်တာ Saroj K.Kasaju က ပြောကြားသည်။
"ကျွန်တော်တို့ ရန်ကုန်ကနေ နီပေါတိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲပေးဖို့ မြန်မာအစိုးရနဲ့ မြန်မာလေကြောင်းကို ညှိနှိုင်းထားပါတယ်။ ဒီနှစ်အတွင်း ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာ ဗုဒ္ဓမြတ်စွာဘုရား လုမ္ဗိနီနယ်မြေကိုလည်း တိုက်ရိုက်ပြေးဆွဲနိုင်ဖို့
စီစဉ်သွားမှာပါ။ လုမ္ဗိနီနယ်မြေမှာ လေဆိပ်တည်ဆောက် ရပါဦးမယ်။ ပြီးရင်
ရန်ကုန်-လုမ္ဗိ နီတိုက်ရိုက်ခရီးစဉ် ပေါ်ပေါက်လာမှာပါ" ဟု Nepal Airlines မှ
ဒါရိုက်တာ Saroj K.Kasaju က ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်- နီပေါ တိုက်ရိုက်လေကြောင်းလိုင်း မရှိသဖြင့် အိန္ဒိယနိုင်ငံမှတစ်ဆင့် နီပေါနိုင်ငံသို့ သွားရောက်ကြရသည်။
ထို့နောက် နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့အစည်း၏ ဟောပြောပွဲသို့ တက်ရောက်လာသည့် ခရီးသွား လုပ်ငန်းများမှ တာဝန်ရှိသူများက နီပေါနိုင်ငံ၏ ပြည်ဝင်ခွင့် ဗီဇာကြေး နှုန်းထားများသည် များပြားနေကြောင်း ပြောကြားသည်။
နီပေါနိုင်ငံ၏ ဗီဇာကြေး နှုန်းထားများသည် ၂၀၀၀ ခုနှစ်တွင် ၁၀ ဒေါ်လာမှ ၂၀၁၀ ခုနှစ်တွင် ၂၅ ဒေါ်လာအထိ ဈေးနှုန်း မြင့်တက်လာသည့်အပြင် အခြားဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပါက များပြားနေကြောင်း၊ နီပေါနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာနှုန်းထားများ ၁၀ ဒေါ်လာသို့ လျှော့ချပေးနိုင်ရန် တင်ပြခဲ့ကြသည်။
နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းမှ Officiating CEO Mr.Subash Nirola က "ဒီကိစ္စက ကျွန်တော်တို့ အဖွဲ့ကနေ ဆုံးဖြတ်လို့ မရပါဘူး။ ဒီကိစ္စက နိုင်ငံတော်အဆင့် အစိုးရ အဖွဲ့ကနေ ဆုံးဖြတ်တာပါ။ ကျွန်တော်တို့ဆီကို လာတဲ့ မြန်မာခရီးသွားတွေအတွက် ဗီဇာကြေးကို လျှော့ပေးနိုင်ဖို့ အစိုးရအဖွဲ့ကို တင်ပြပေးပါမယ်" ဟု ပြောကြားသည်။
နီပေါနိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည်များနှစ်စဉ် သုံးသိန်းဝန်းကျင်လာ ရောက်လေ့ရှိကြောင်း၊ လာရောက်သည့် မြန်မာခရီးသွား ဧည့်သည်အများစုသည် မြတ်စွာဘုရား ဖွားမြင်ရာ လုမ္ဗိနီနယ်မြေသို့ သွားရောက်ကြခြင်းဖြစ်ကြောင်း၊
မြန်မာခရီးသွားများ လာရောက်မှု ပိုမိုအဆင်ပြေစေမည့် အစီအစဉ်များလည်း
ပြုလုပ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း နီပေါနိုင်ငံ၊ နီပေါနိုင်ငံ
ခရီးသွားလုပ်ငန်း အဖွဲ့အစည်းမှ Officiating CEO Mr. Subash Nirola က
ပြောကြားသည်။
"လက်ရှိ ရန်ကုန်ကနေ အိန္ဒိယကို အိန္ဒိယ အဲယားလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းအပြင် စင်းလုံးငှား လေယာဉ်တွေနဲ့ သွားရောက်ပါတယ်။ အိန္ဒိယမှာရှိတဲ့ သံဝေဇနိယ သုံးဌာနကို ၀င်ပြီးမှ အိန္ဒိယနယ်စပ်ကနေ တစ်ဆင့် နီပေါနိုင်ငံကို ၀င်ပါတယ်။ နီပေါမှာ တစ်ညအိပ်ပြီး ပြန်ထွက်ပါတယ်။ ရန်ကုန်-နီပေါ ခရီးစဉ် တိုက်ရိုက်ရှိရင် ပိုအဆင်ပြေပါမယ်" ဟု မဟာတိုး ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းမှ ဦးမောင်မောင်အေးက ဆိုသည်။
လက်ရှိတွင် ဗုဒ္ဓဂယာ ခရီးစဉ်အတွက် ငွေကျပ်ကိုးသိန်းဝန်းကျင် ကုန်ကျနိုင်သည်ဟု ခရီးသွား လုပ်ငန်းများထံမှ သိရသည်။ ခရီးစဉ် တစ်ခု၏ ခန့်မှန်းကြာမြင့်ချိန် ၁၅ ရက်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယသံရုံး၏ ဗီဇာဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို Online Visa စနစ်သို့ ပြောင်းလဲလိုက်သည့်အတွက် ဗီဇာလျှောက်ထားရာတွင် အချိန်ကြာမြင့်မှုများ ကြုံတွေ့ရနိုင်ကြောင်း၊ သို့သော် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်များအတွက် အိန္ဒိယသံရုံးမှ ဗီဇာထုတ်ပေးခြင်းကို အစိုးရ ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့များတွင်ပါ ဆောင်ရွက်ပေးရန် ရှိကြောင်း သိရသည်။
Eleven Media Group
"ကျွန်တော်တို့ ရန်ကုန်ကနေ နီပေါတိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲပေးဖို့ မြန်မာအစိုးရနဲ့ မြန်မာလေကြောင်းကို ညှိနှိုင်းထားပါတယ်။ ဒီနှစ်အတွင်း ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာ ဗုဒ္ဓမြတ်စွာဘုရား လုမ္ဗိနီနယ်မြေကိုလည်း တိုက်ရိုက်ပြေးဆွဲနိုင်ဖို့
လက်ရှိတွင် ရန်ကုန်- နီပေါ တိုက်ရိုက်လေကြောင်းလိုင်း မရှိသဖြင့် အိန္ဒိယနိုင်ငံမှတစ်ဆင့် နီပေါနိုင်ငံသို့ သွားရောက်ကြရသည်။
ထို့နောက် နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့အစည်း၏ ဟောပြောပွဲသို့ တက်ရောက်လာသည့် ခရီးသွား လုပ်ငန်းများမှ တာဝန်ရှိသူများက နီပေါနိုင်ငံ၏ ပြည်ဝင်ခွင့် ဗီဇာကြေး နှုန်းထားများသည် များပြားနေကြောင်း ပြောကြားသည်။
နီပေါနိုင်ငံ၏ ဗီဇာကြေး နှုန်းထားများသည် ၂၀၀၀ ခုနှစ်တွင် ၁၀ ဒေါ်လာမှ ၂၀၁၀ ခုနှစ်တွင် ၂၅ ဒေါ်လာအထိ ဈေးနှုန်း မြင့်တက်လာသည့်အပြင် အခြားဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပါက များပြားနေကြောင်း၊ နီပေါနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာနှုန်းထားများ ၁၀ ဒေါ်လာသို့ လျှော့ချပေးနိုင်ရန် တင်ပြခဲ့ကြသည်။
နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းမှ Officiating CEO Mr.Subash Nirola က "ဒီကိစ္စက ကျွန်တော်တို့ အဖွဲ့ကနေ ဆုံးဖြတ်လို့ မရပါဘူး။ ဒီကိစ္စက နိုင်ငံတော်အဆင့် အစိုးရ အဖွဲ့ကနေ ဆုံးဖြတ်တာပါ။ ကျွန်တော်တို့ဆီကို လာတဲ့ မြန်မာခရီးသွားတွေအတွက် ဗီဇာကြေးကို လျှော့ပေးနိုင်ဖို့ အစိုးရအဖွဲ့ကို တင်ပြပေးပါမယ်" ဟု ပြောကြားသည်။
နီပေါနိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည်များနှစ်စဉ် သုံးသိန်းဝန်းကျင်လာ ရောက်လေ့ရှိကြောင်း၊ လာရောက်သည့် မြန်မာခရီးသွား ဧည့်သည်အများစုသည် မြတ်စွာဘုရား ဖွားမြင်ရာ လုမ္ဗိနီနယ်မြေသို့ သွားရောက်ကြခြင်းဖြစ်ကြောင်