ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ အတွင်း တကယ် တည်ဆောက်လာတော့ မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။
ယနေ့ခေတ်သွားလာနေတဲ့ ခရီးသွား Boeing လေယာဉ်ကြီးများလိုပဲ ခရီးသည် ရာနဲ့ချီတင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ပေါင်း များစွာ ပါရှိပါတယ်။ လေယာဉ်ကွင်းမလိုအပ်တော့ပါဘူ
နောက်တစ်ချက်ကတော့ ဆီစားသက်သာမှု ဖြစ်ပါတယ်။ ယနေ့ခေတ် ဆီစား သက်သာပါတယ်ဆိုတဲ့ နည်းပညာ အဆင့်မြင့် လေယာဉ်တွေထက် ၃၀ ရာခိုင်နှုန်း ပိုမို ဆီစားသက်သာစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်မော် တာ ပေါင်းစပ်ပေးမယ့် Hybrid အင်ဂျင်ပါဝင်လာ လို့ ဖြစ် ပါတယ်။ ပြီးတော့ လေယာဉ်ပေါ်မှာ ယခင်တုန်းကလို ပုံသေ ထိုင်နေဖို့ မလိုပါဘူး။ အတွင်းမှာ ခန်းမတွေပါ ပါရှိပြီး မင်္ဂလာဆောင် ခမ်းမလိုတောင် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ခန်းမ မထည့်ရင် ယင်းအစား ရုပ်ရှင်ရုံ ထည့်မယ် လို့ ဆိုပါတယ်။ လေယာဉ်ရဲ့  Stability သဘောအရ အခန်းလွတ်တဲ့ ခုံနဲ့ ကျကျ နန ထိုင်လို့ရတဲ့ ခန်းမကြီးတွေကိုပဲ ဒီဇိုင်နိာတို့က Recommend ပေးထား ပါတယ်။
အသံထွက် ဆူညံမှု မရှိပဲ လေပေါ်ပဲ သွားသွား၊ ရေပေါ်ပဲ သွားသွား ဇင်ယော် တစ်ကောင်လို လှလှလေး ပျံဝဲစေမယ်လို့ Shabtai Hirshber က အမွမ်းတင် ပြောဆိုထားပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကိုက လေယာဉ်ဆီရှားပါးတဲ့ ခေတ်မှာ လေးစီး ပျံသန်းနေတာထက် ယင်း ရေလေပျံ အနာဂတ် လေယာဉ် တစ်စီးသာ ပျံသန်းစေဖို့ ဖြစ်ပါတယ်။ တကယ် တည်ဆောက်တဲ့အခါဖော်ပြ ပါ နည်းပညာနဲ့ အပြင်အဆင်အားလုံး ပါရှိဖို့အတွက် လေယာဉ်ထုတ်လုပ် ရေး ကုမ္မဏီအချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: realitypod
ရိုးရာလေး Automobile