အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 May, 2013

အစိုးရနှင့်ကေအိုင်အို မေ၂၈ရက် တွေ့ဆုံမည်

အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းခဲ့ရသော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို
မေလ၂၈ရက် နေ့၌ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူညီလိုက်ပြီဖြစ်ကြောင်ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထံမှ သိရသည်။
...
"ဒီဆွေးနွေးပွဲမှာ အတတ်နိုင်ဆုံး ပြေလည်မှုရအောင် ဆွေးနွေးဖို့
ပြင်ဆင်ထား ပါတယ်"ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ဆိုသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးကမူ "အရင်ရွှေလီမှာ သဘောတူထားတဲ့ အချက်ငါးချက်ကိုပဲ ဆွေးနွေးမယ် ထင်တယ်။ ကျန်တာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး" ဟု မှတ်ချက် ပေးသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့သည် မြစ်ကြီးနားမြို့တွင် ဧပြီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးရန် သဘောတူညီ ထားသော်လည်း အမေရိကန်၊ ဗြိတိန်နှင့် အီးယူ နိုင်ငံများကို လေ့လာသူအဖြစ် ဖိတ်ကြားခြင်း ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကန့်ကွက်သည့် အတွက် ရက်ရွှေ့ဆိုင်းလိုက် ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်လူမှုရေး အဖွဲ့ အစည်းများ က
ကြေညာချက်ထုတ်ပြန်ခဲ့ သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ကမူ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားသည်။

လာမည့် မေလ၂၈ ရက်နေ့ ဆွေးနွေးပွဲ တွင်မူ ပြည်ပလေ့လာသူများကို ဖိတ်ကြားခြင်း မပြုရန် နှစ်ဦးနှစ်ဖက် သဘောတူထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များထံမှ သိရသည်။အစိုးရငြိမ်းချမ်းရေ
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့သည် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တစ်ကြိမ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်သော နှစ်ဦး နှစ်ဖက်သဘောတူညီမှု ကြေညာချက် ငါးချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။

ကချင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည်မှာ ၂ နှစ် ပြည့်တော့မည်ဖြစ်ရာ နေရပ်စွန့်ခွာ ဒုက္ခသည်များ
ပြန်လည်နေရာ ချထားရေး အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်ကောင်းရရန် မျှော်လင့်ကြောင်း ဗန်းမော်မြို့မှ ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေး ပြုလုပ်နေသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးက ပြောကြားသည်။

"အခုအချိန်က အလှူရှင်တွေ ရှားလာပြီ။ ဒါကြောင့် ငြိမ်းချမ်းရေး အဆင်ပြေပြီး ဒုက္ခသည်တွေကို နေရပ်ပြန် စေချင်ပြီ"ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...