အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 May, 2013

ကျိုင်းတုံမြို့၏ အဆောင်အယောင် သစ်တစ်ပင်တောင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ သို့ အလည် ရောက်ရှိကြ သူတိုင်း မဖြစ်မနေ သွားရောက် လေ့လာ ကြရသည့် နေရာများ အနက် တစ်ခုမှာ သစ်တစ်ပင်တောင် ပင်ဖြစ်သည်။ ကျိုင်းတုံမြို့ နှင့် သစ်တစ်ပင်တောင် သည် ခွဲခြားမရ ဟူ၍ပင် ဒေသခံ တို့က တင်စား ကြသည်။ တောင်ကုန်း ပေါ်တွင် နှစ်ပေါင်း ၅၉၀ နှစ်ခန့် သက်တမ်းရှိသည့် ကညင်ဖြူပင် အမျိုးအစား သစ်ပင်ကြီး တ...စ်ပင် ရှိပြီး အဆိုပါ သစ်ပင်ကို အစွဲပြု၍ သစ်တစ်ပင် တောင် ဟု နာမည်တွင် ခဲ့ခြင်း ဖြစ်သည်။

၁၁၁၅ ခုနှစ် ( အလောင်း မင်းတရား လက်ထက် ) က စိုက်ပျိုး ခဲ့ခြင်း ဖြစ်ပြီး အမြင့် ၂၁၈ ပေ ၊ ရင်စို့ လုံးပတ် ၃၆ ပေ ၈ လက်မ ၊ အောက်ခြေ လုံးပတ် ၃၉ ပေ ၁၀ လက်မ ရှိကြောင်း မှတ်တမ်း ကျောက်စာတိုက် ဖြင့် ဖော်ပြ ထားသည်။ ကျိုင်းတုံမြို့ သို့ ရောက်ရှိ လာကြသည့် နိုင်ငံ ရပ်ခြားမှ ဧည့်သည် များသည် ထူးဆန်း အံ့သြဖွယ် ကောင်းသည့် ကညင်ဖြူ ပင်ကြီးကို လေ့လာမှုများ ပြုလုပ်လေ့ ရှိကြသည်။

၁၉၉၄ ခုနှစ် ၊ မတ်လ ၃ ရက်က ကျိုင်းတုံသို့ လာရောက်သည့် ထိုင်း ဘုရင့် သမီးတော် မဟာ ချက်ကရီ သီရိဒုံ သည် အဆိုပါ ကညင်ဖြူပင် ကြီးကို လေ့လာမှု များ ပြုလုပ်ပြီး သူ၏ နောက်တော်ပါ နန်းတွင်းသူ များနှင့် ၀ိုင်းပတ် ကြည့်ကြရာ ၁၉ ဦး ၀ိုင်းပတ်မှ ပတ်မိကြောင်း သိရသည်။

အဆိုပါ ကညင်ဖြူပင် နှင့် ပတ်သက်၍ သက္ကရာဇ် အေဒီ ၁၃၆၈ ခုနှစ်တွင် စ၀်ဆမ် ( ခေါ် ) စ၀်စိတ်ပန်း တူနှင့် အစ်ကိုတော် ညီနောင် ၂ ပါး ကတိ သစ္စာခံယူ ကြသည့် အထိမ်းအမှတ် အဖြစ် ကညင်ဖြူ " မိုက်မတ်ယန်းလုံ " ၃ ပင်ကို တြိဂံပုံစံ ဖြင့် ထောင့်သဖွယ် ၀မ်ပန်၌ တစ်ပင် ၊ မိုက်ဆရီတာ တောင် တွင် တစ်ပင် နှင့် ကျိုင်းတုံမြို့ ၊ စွမ်မွန်းကုန်း ပေါ်တွင် တစ်ပင် ၃ နေရာ အရှေ့ ၊ မြောက် နှင့် တောင်ထောင့် နေရာ၌ အသီးသီး စိုက်ပျိုး ခဲ့ကြောင်း လိရှမ်း နှင့် ဂုံရှမ်း တဘောင်ကျမ်းတွင် တွေ့ရှိရသည်။

themyawadydaily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...