အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 May, 2013

အိုက်တင်နဲ့ ပတ်သက်ပြီး ကြိုးစားဖို့ အများကြီး လိုနေသေးကြောင်း စံရတီမိုးမြင့် ဖွင့်ဟ

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် ဖြစ်အောင် ကြိုးစား သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှုကို ရရှိလာတဲ့သူ ကတော့ စံရတီမိုးမြင့်ပဲဖြစ်ပါတယ်။ အနုပညာ ရှင်တိုင်းက ကိုယ့်ဆီလာ ငှားတဲ့ဇာတ်ကားကို သေသေချာချာဖတ်ပြီးမှ လက်ခံသလိုပဲ စံရတီမိုးမြင့်ကသူ့အနေနဲ့ ဇာတ်ကား တစ်ကား လက်ခံပြီဆိုရင် ကြိုတင်ပြင် ဆင်မှုတွေ လုပ်လေ့ရှိကြောင်း ဆိုပါ တယ်။ ဇာတ်ကားတစ်ကား လက်ခံ ပြီဆိုရင် ဇာတ်ကိုအရင်ဖတ်တယ်။ ပြီးမှ ဘာလိုအပ်လဲပြင်ဆင်တယ်။ အဝတ်အစားပိုင်း၊ မိတ်ကပ်၊ ဆံပင် က အစ သေသေချာချာပြင်ဆင်တယ်။ ဒီ အရာအားလုံးကို တာဝန်ယူလုပ်ပေး တာကတော့ စံရတီရဲ့မေမေပါ။ ဘယ် လိုလေးဝတ်ချင်လဲမေးတယ်။ပြီးရင် မေမေ ကပဲ အစအဆုံးစီစဉ် ပေးတော့တာပါလို့ သူ့ရဲ့ ပြင်ဆင်မှုတွေ ကို ပြောပြပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ ပြောဆိုရမယ့် ဒိုင်ရာလော့ခ်ကို သရုပ်ဆောင်တိုင်းက ကျက်မှတ်ပြီးပြောကြလေ့ရှိပါတယ်။ စံရတီ မိုးမြင့်အနေနဲ့ရော ဒိုင်ရာလော့ခ် ကျက်ရတာနဲ့ အိုက်တင်လုပ်ရတာ ဘယ် အပိုင်းက ပိုခက်ခဲလဲလို့မေးကြည့်တော့ “အိုက်တင်ဆိုရင် အခုချိန်ထိ ကြိုးစားဖို့ အများကြီးလိုသေးတယ်။ လုံးဝမပြည့်စုံ သေးဘူး။ ဇာတ်ကားကို ဖတ်ပြီးရင် ဒီ အိုက်တင်ဒီဒိုင်ရာလော့ခ်တွေကို ငါ လုပ်နိုင်ပါ့မလား   သေသေချာချာ ကြည့်ပြီးမှ ဆုံးဖြတ်တယ်။ ဒိုင် ယာလော့ခ်မှားရင်လည်း ရှုတင်မှာ ဆို ပျော်စရာပဲ။ ခဏခဏမှားလို့ ဆူရင်လည်း စိတ်မဆိုးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် မှားတာ ကိုယ်မသိနိုင်ဘူး လေ။ ကိုယ်ပြန်မမြင်ဘူးလေ။ မြင်တဲ့လူကပြောတာပဲ လက်ခံရမှာပေါ့။ ပြီးတော့ ဇာတ်ကား ထွက်ပြီဆို ရင်လည်း အမြဲပြန်သုံး သပ်တယ်” လို့ ပြောပြ ခဲ့ပါတယ်။

ထူးထူး

By Popular Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...