အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 May, 2013

ဖျာပုံတံတား အဆင်းမှ သတိထား မောင်းနှင်ရမည့် အန္တရာယ်ကွေ့

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့တွင် ရှိသော ဖျာပုံတံတားကြီး ၏ တံတား တည်ဆောက်ထားပုံသည် အရှေ့ဘက် ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာ ဘက်ခြမ်း တံတာ ခြေဆင်းမှာ ဖျာပုံ-ရန်ကုန်ကားလမ်း အတိုင်း ဖြောင့်တန်းစွာ ဖောက်လုပ်ထားပြီး အနောက်ဘက်၊ ဖျာပုံမြို့ဘက်ခြမ်းတွင် (၃)ရပ်ကွက် (၁)လမ်းမှစတင်၍ အောင်သုခ(၁) ဖြတ်လမ်းနား အရောက်တွင် အဝေးပြေး ကားလမ်းဘက်သို့ ၉ဝ ဒီဂရီ ထောင့် ချိုး ကွေ့ထားသော ပုံစံအတိုင်း တည်ဆောက်ပေးထားရာ တံတား ခြေဆင်းမှာ ထိုနေရာတွင် ရုတ်တရက် ချိုးကွေ့ရသဖြင့် ကားများ၊ ဆိုင်ကယ်များ ရုတ်တရက် အရှိန်မထိန်း နိုင်ခြင်းကြောင့် အရှိန်လွန်၍ တံတားလက်ရန်းကျော်မှ ကျော်လွန်ပြုတ်ကျကာ ယာဉ်မတော်တဆမှုဖြင့် လူသေမှုများ ဖြစ်ပေါ်နေသည်မှာ နှစ်အတန် ကြာနေပြီဖြစ်သည်။

ဖျာပုံမြို့နေ ပြည်သူတစ်ဦးက ''အခုလို ဖြစ်နေတဲ့ တံတားရဲ့ အန္တရာယ်ကွေ့ မှာ သတိပေးဆိုင်းဘုတ်ကို လိုအပ်သော နေရာနဲ့ ပေအကွာအဝေးကို တွက်ချက်ရန် ပြန်လည်စိုက်ထူ ပေးသင့်ပြီး တံတားအတက်မှာ ဆယ်ဘီးကား တစ်စီးလုံး ပြုတ်ကျဖူးတဲ့ သာဓကရှိတဲ့ အတွက် လိုအပ်ပါက သတိပေး ဆိုင်းဘုတ်ကို အဆင်းဘက်တစ်ခုတည်း မဟုတ်ဘဲ အတက်ဘက်မှာပါ စိုက်ထူ ပေးသင့်ပါတယ်။ ဒါမှသာ ရပ်ဝေးက လာတဲ့ ခရီးသွားပြည်သူများ ဒီနေရာ အန္တရာယ်ကွေ့ကို ရောက်တဲ့အခါ သတိထားပြီး အရှိန်လျှော့ မောင်းနိုင်မှ ယာဉ်အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပါ တယ်''လို့ ပြောသည်။

တံတားခြေဆင်း၏ ၉ဝ ဒီဂရီ အန္တရာယ်ကွေ့တွင် လိုအပ်သော သတိပေး ဆိုင်းဘုတ်များ အပြင် တံတားလက်ရန်းတွင် ရောင်ပြန်ပြားများ၊ အခြားလိုအပ်သော အထောက်အကူ ပစ္စည်းများကို တပ်ဆင်ပေးထား သင့်ကြောင်း၊ သို့မှသာ ယာဉ်မောင်းများ သတိထား မောင်းနှင်နိုင်မှာဖြစ်ပြီး ဖျာပုံမြို့သူ၊ မြို့သားများအပြင် အခြားမြို့နယ် အသီးသီးမှ လာရောက်သော ခရီးသွားများ အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ကြောင်း ဖျာပုံ မြို့နေ ပြည်သူများက ပြောဆိုလျက်ရှိသည်ကို သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...