အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

လူမဲ့ ဖိုက်တာ ဟက်စကီး MQ-8C Fire-X

လူမောင်းစရာ မလိုပဲ တကယ့် စစ်မြေပြင်မှာ အသုံးပြုနိုင်တဲ့ ဖိုက်တာ ဟက်စကီး ဖြစ်ပါတယ်။ MQ-8C Fire-X လို့အမည်ပေးထားတဲ့ ဟယ်လီကော်ပတာ ဖြစ်ပြီး အမေရိကန်က ထုတ်လုပ်တာပါ။ လူလုံးဝ
မလုပ်ပဲတိုက်ပွဲမှာ ရေကုန်ရေခန်း တိုက်ခိုက်နိုင်မယ့် ဖိုက်တာရဟတ်ယာဉ်ဖြစ်ပါတယ်။
ဒီလိုလေယာဉ်ရလာဖို့အတွက် အမေရိကန်စစ်ဌာနချုပ်က နှစ်အတော်လေး ကြိုးစားယူရပါတယ်။ မောင်းသူမဲ့ တိုက်လေယာဉ်ထုတ်လုပ်တုန်းက နည်းပညာနဲ့ ကွဲပြားနေပါတယ်။ ဟက်စကီးရဲ့ သွားနှုန်းဟာ တိုက်လေယာဉ် ထက်နှေးတဲ့အတွက် ထိန်းချုပ်ဖို့က ပိုတောင် ခက်ပါသေးတယ်။

သို့ပေမယ့် မောင်းသူမဲ့ တိုက် ရဟတ်ယာဉ် တစ်စီး ကတော့ ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း သားသား နားနား ရှိနေပါတယ်။ အင်ဂျင် တစ်လုံးတည်း ပါဝင်ပြီး ဘလိတ်လေးပြားတပ် ပန်ကာကို အသုံးပြုပါတယ်။

တိုက်ခိုက်ဖို့အတွက် အမြောက်၊ ဒုံးကျည်လက်နက် အစုံအလင် ပါရှိပြီး
ရေပေါ်၊ မြေပေါ် စစ်ဆင်ရေးများမှာ ကောင်းစွာ တာဝန်ထမ်းဆောင်
နိုင်မယ်လို့ဆိုပါတယ်။ ရဟတ်ယာဉ် တစ်စီးရဲ့  ဈေးနှုန်း ဘယ်လောက်ရှိ
မယ်ဆိုတာကို တိတိကျကျ မပြောသေး ပါဘူး။ သို့ပေမယ့် တီထွင်ထုတ်
လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၇၁ သန်း မက အကုန်ကျခံထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
TechSpace Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...