အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

သမ္မတလင်ကွန်းအထိမ်းအမှတ်ရုပ်ထု

သမ္မတလင်ကွန်းအထိမ်းအမှတ်ရုပ်ထုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက အခုလို ရှင်းပြခဲ့ ပါတယ်။
လက်သီးဆုတ်ထားဟာ ပြည်ထောင်စုကြီးတည်တံ့ရေးအတွက် ခွဲထွက်ရေးဝါဒီ တောင်ပိုင်းပြည်နယ်များကို ပြတ်ပြတ်သားသားချေမှုန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထား မှုကို ဖော်ပြတယ်။

လက်ဖြန့် ထားတာဟာ စစ်ပွဲပြီးသွားချိန်မှာ တောင်ပိုင်းပြည်နယ်များပြန်လည် ထူထောင်နိုင်ရေးအတွက် ညင်ညင်သာသာ ကိုယ်တွယ်ခဲ့မှု၊ လင်ကွန်းရဲ့ သဘောထားကြီးမှု၊ ခွင့်လွှတ်နု...ိင်မှုတွေကို ဖော်ပြတယ်။

လက်ဖြန့်ထားတဲ့ဘက်က အ၀တ်စဟာ အမေရိကန်ပြည်ထောင်စုအလံဖြစ်တယ်။ ( သေသေ ချာချာကြည့်မှ ကြယ်ပွင့်တွေထုဆစ်ထားတာတွေ့ ရပါတယ်။ )

ကုလားထိုင်ရဲ့ ဘယ်၊ ညာတိုင်နှစ်ခုကို ထင်းစည်းအသွင်ဖော်ပြထားတာဟာ စည်းလုံးညီညွတ် မှုကို ရည်ညွှန်းတယ်။

ပြည်ထောင်စုမပြိုကွဲရေးအတွက် သမ္မတလင်ကွန်းဆောင်ရွက်ချက်များကို ရုပ်ထုတစ်ခုတည်း မှာ ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့တဲ့ အနုပညာဖန်တီးနိုင်မှုစွမ်းအားကို လေးစားမိပါတယ်။

မိမိတို့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတစ်ခုရလိုက်တယ်လို့ လည်း ခံစားမိပါတယ်။

Ye Htut

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...