အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

ပတူကောင် အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရပြန်

(ပတူကောင်အသေများအား တွေ့ရစဉ်)
ပတူကောင်များ အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရသည့် ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်မေ၁၃ရက်ကလည်းလမ်းမတော်မြို့နယ်မင်းရဲကျော်စွာလမ်းရှိခြံဝင်းတစ်ခုတွင်ပတူကောင်များအ

တုပ်ခံရ၍ အမျိုးသားနှစ်ဦး အနောက်ပိုင်း
ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ပတူကောင် အတုပ်ခံရသည့် လေဖြန်းနေသူ
တစ်ဦးမှာ နောက်တစ်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကလေးနှစ်ဦး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ရသည့် ဖြစ်ရပ်မှာ မေ
၁၇ ရက် ညနေ ၃ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ် ယဿဝတီလမ်းနေ
မောင်ရဲနောင်နောင် (၁၀ နှစ်)နှင့် မောင်ဇွဲနောင်နောင် ( ၂ နှစ်) ညီအစ်ကို
နှစ်ဦးတို့သည် ၁၃ ရပ်ကွက် အတွင်းရှိ ရေကန်တစ်ခု၏ ကန်ပေါင်နံဘေး
တွင် လမ်းလျှောက်လာစဉ် ပတူကောင်များဝိုင်းတုပ်ခံခဲ့ရခြင်း ဖြစ်သည်။

"ကလေးတွေက ဒီကန်ပေါင်ဘေးက လမ်းအတိုင်း လမ်းလျှောက်လာရင်း ပတူကောင်တွေ ၀ိုင်းတုပ်လိုက်တာ။ နှစ်ယောက်လုံး ခေါင်းနဲ့လည်
ပင်းတွေမှာ အတုပ်ခံလိုက်ရတယ်။ ခုလောလောဆယ် အငယ်ကောင်လေး
က မသက်သာသေးဘူး" ဟု ပတူကောင် အတုပ်ခံရသော ကလေးများ၏ ဖခင်က ဆိုသည်။

အဆိုပါ ၁၃ ရပ်ကွက် ကန်ပေါင်နားတွင် အသိုက်ဖွဲ့နေသည့် ပတူကောင်
များကို ရပ်ကွက်နေ ပြည်သူအချို့က အန္တရာယ်ရှိသဖြင့် ဓာတ်ဆီလောင်း မီးရှို့ခဲ့သော်လည်း လက်ရှိတွင် ပတူကောင်များမှာ အသိုက်ထဲမှာပင် ရှိနေဆဲဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နေ ဒေသခံတို့က ပြောကြားခဲ့သည်။

"လောလောဆယ် အန္တရာယ်ရှိလို့ မနေ့ညနေကတည်းက ဓာတ်ဆီလောင်းပြီး မီးရှို့ထားတယ်။ သက်ဆိုင်ရာက ဆေးတွေဘာတွေ လာဖျန်းတာမျိုး မရှိသေးဘူး" ဟု ရပ်ကွက်တွင်းနေသူ ကိုအေးအောင်ဝင်းက ဆိုသည်။

သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ လက်aထာက်ဆရာဝန် တစ်ဦးက "လက်ရှိ ကုသနေပါတယ်။ ကလေးတွေ အခြေအနေက တည်ငြိမ်နေပါတယ်။ အကိုက်ခံရလို့ ယောင်နေတာတော့ ရှိတယ်။ ပတူအဆိပ်ဖြေဆေး ဆိုတာ မရှိလို့ အခြားအဆိပ်ဖြေနည်းတွေနဲ့ ကုသထားပါတယ်။ ဆီး၊ ၀မ်းလည်း ပုံမှန်သွားပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

ပတူကောင် ဆိုသည်မှာ အင်းဆက်ပိုး အမျိုးအစားထဲတွင် ပါဝင်ပြီး အခြားအင်းဆက် ပိုးများထက် အဆိပ်သိုလှောင်မှု ပိုမိုများပြားကြောင်း အကိုက်ခံရပါက အကိုက်ခံရသည့်နေရာ နီရဲလာခြင်း၊ အဖုအပိန့် ထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ပေါ်လာတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်အထိ အခြေအနေ ဆိုးရွားတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်ကို အချိန်မီ မကုသနိုင်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိကြောင်းဆရာ ၀န်တစ်ဦးက ဆိုသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...