ဒေါ်လာခြောက်သိန်းကျော်တန်ရွှေများမီယာမီလေဆိပ်တွင်ပျောက်ဆုံး
ဒေါ်လာခြောက်သိန်း နှစ်သောင်းငါးထောင်ဟုတန်ဖိုး ကြေငြာထားသည့်ပို့ဆောင်ပေးရန် ရွှေများသည်မီယာမီအပြည်ပြည် ဆိုင်ရာလေဆိပ်တွင်ပျောက်ဆုံးသွား ခဲ့ပြီး ခိုးယူခံခဲ့ရဟန်တူကြောင်း အာဏာပိုင်များက မေလ ၁၆ ရက်နေ့တွင် ထုတ်ဖော်ပြောကြား လိုက်သည်။
သေတ္တာတစ်လုံးအတွင်းထည့် သွင်းထားသောရွှေများသည် မီယာမီလေဆိပ်သို့ မေလ ၁၄ ရက်နေ့နံနက်စောစောပိုင်းက ...အီကွေဒေါနိုင်ငံဂူအာယာကွီးလ် မြို့မှ အမေရိကန်လေကြောင်း လိုင်းတစ်ခုဖြင့် ရောက်ရှိလာခဲ့ ကြောင်း မီယာမီ-ဒါဒီရဲဌာနက ထုတ်ဖော်ပြောကြားလိုက်သည်။
မီယာမီအပြည်ပြည်ဆိုင်ရာ လေဆိပ်သည်တောင်အမေရိက တိုက်မှထွက်ရှိသောရွှေအမြောက် အများကို သန့်စင်ရန်အတွက် အဓိကအားဖြင့်ဆွစ်ဇာလန်နိုင်ငံ သို့တဆင့်ပို့ဆောင်ပေးရာလေဆိပ် ဖြစ်သည်။
ကုန်တင်လေယာဉ်မှပစ္စည်း များအားချခဲ့ပြီးဖြစ်သော်လည်း ရွှေများထည့်ထားသည့်သေတ္တာ မှာပျောက်ဆုံးနေခဲ့ပြီးပစ္စည်း သယ်ယာဉ်ပေါ်သို့တင်စဉ်တွင် ပျောက်ဆုံးခြင်းဖြစ်နိုင်သည် ဟုအစီရင်ခံစာတွင်ဖော်ပြထား သည်။
ပစ္စည်းတင်ယာဉ်အားပစ္စည်း များချသည့်တာမီနယ်၏ ဂိတ် တံခါးဝတွင်
တွေ့ရှိရပြီးတစ်နာရီ ခန့်အကြာတွင် အလုပ်သမား များက ပစ္စည်းတင်ယာဉ်ပေါ်မှ
ပစ္စည်းများအားချပြီးခဲ့သော်လည်း ရွှေများပါရှိသည့်သေတ္တာကိုမူ မတွေ့ရှိရပေ။
ရဲဌာန၏အစီရင်ခံစာတွင် ထိုရွှေများအားမည်သူကပိုင်ဆိုင် သည်မည်သည့်နေရာသို့ပို့ပေးရ မည်ဆိုသည်ကိုဖော်ပြထားခြင်း မရှိသကဲ့သို့လေဆိပ်ရှိအမေရိကန် လေကြောင်းလိုင်း၏ လုံခြုံရေး အရာရှိကလည်း ထိုကိစ္စအား အက်ဖ်ဘီအိုင်မှစုံစမ်းစစ်ဆေး သည်ဟူသောအချက်မှလွဲ၍ အခြားတစ်စုံတစ်ရာပြောကြား ခြင်းမပြုခဲ့ပေ။
ယခုနှစ်များအတွင်း ရင်းနှီး မြှုပ်နှံသူများသည်ရွှေများဘက်သို့ လှည့်လာကာရွှေဈေးများလည်း မြင့်တက်လာသည်နှင့် အမျှ မီယာမီမှ တဆင့်ပို့ဆောင်ပေးရ သည့်ရွှေပမာဏမှာလည်းလျင်မြန် စွာတိုးတက်များပြားလာခဲ့သည်။ ရွှေသည်မီယာမီ၏ထိပ်ဆုံးသွင်း ကုန်ဖြစ်လာပြီးယမန်နှစ်ကတန်ဘိုး ၈ ဘီလီယံနီးပါးရှိခဲ့သည်။ ၎င်း ရွှေအများစုမှာ မက္ကဆီကိုနှင့် ကိုလံဘီယာနိုင်ငံများမှဖြစ်ပြီး အားလုံးနီးပါးမှာလည်းဆွစ်ဇာလန် သို့ပို့ဆောင်ပေးရန်ဖြစ်သည်။
Source:Reuters
ဥက္ကာအောင်
The Hot News
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်