အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

KIO လ၀က ကျောင်း လိုင်ဇာမြို့တွင် ပြန်ဖွင့်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လိုအပ်သော လုပ်ငန်းဌာနများအတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လကျော် လူဝင်မှုကြီးကြပ်ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

“သူတို့ထဲက စာမေးပွဲအောင်တဲ့ ကျောင်းသားတွေကို ဌာနတွေမှာအလုပ်
ခန့်သွားမှာဖြစ်တယ်။ အားလုံး အောင်ရင် အားလုံးကိုအလုပ်ခန့်သွားမယ်
။ မအောင်တဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးပေးထားတယ်။ နောက်
ထပ်ခြောက်လ ကျောင်းပြန်တက်ပြီး စာမေးပွဲကိုတစ်ကျော့ပြန် ဖြေဆိုရမယ်” ဟု သင်ကြားပေးနေသော ဆရာ၊ KIA အရာရှိတစ်ဦးကပြောသည်။

ကျောင်းသားများမှာ မြစ်ကြီးနား (Myitkyina)၊ ဗန်းမော် (Manmaw)၊
မန်ဂျေ (Man Je)နှင့် မိုင်ဂျာယန် (Mai Ja Yang) စသည့်မြို့အသီးသီး
တို့မှ စုစုပေါင်း ၄၅ ဦး ဖြစ်ကာ ကျောင်းကို ဧပြီလ ၂၂ ရက်နေ့မှ စတင်သင်ကြားနေပြီး ယခု မေလကုန်ထိ သင်ကြားသွားမည်ဟု
ဆိုပါသည်။

၎င်းတွင် KIO ဗဟို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာ
န (Ginjaw Masha Pru-Shang Gawn Hkang Dap) မှ ကြီးမှူးဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်အဖြစ် major နှင့် minor နှစ်ဘာသာ ခွဲထားကာ ဘာသာပေါင်း ၈ ခုပါကြောင်း အထက်ပါ KIA အရာရှိကပြောသည်။

KIO လူဝင်မှုကြီးကြပ်ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ဖွင့်လှစ်သင်ကြား
ခြင်းသည် ၈ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

K
NG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...