အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

ပြည်သူ့ရင်ပြင်၌ မြေတူးရာမှ တတိယမြောက် ထန်းလုံးအမြောက်တစ်လက် ထပ်မံတွေ့ရှိ

ပြည်သူ့ဥယျာဉ်တွင် မြေတူးရာမှ အလေးချိန် ၆ တန်ခန့်ရှိ စစ်ကျန် ထန်းလုံးအမြောက်တစ်လက် တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ထန်းလုံးအမြောက်ကို မေ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင်
ပြည်သူ့ရင်ပြင် ၀င်းအတွင်းရှိ ဦးဝိစာရ ရှော့ပင်းမော ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ဦးဝိစာရ ၀င်ပေါက်အနီးတွင် မြေတူးစက်မောင်းသူ ဦးကျော်ကျော်လေးက မြေတူးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ဦးစီးဌာနမှ တာဝန်ရှိသူတို့၏ စစ်ဆေးချက်အရ ယင်းထန်းလုံး အမြောက်သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ လက်ကျန် ထန်းလုံးအမြောက် တစ်လက်ဖြစ်ပြီး အလေးချိန် (၆) တန် ခန့်ရှိကာ၊ အရှည်(၁၄)ပေ (၅) လက်မ၊ ထိပ်ဝအချင်း (၁၃) လက်မ၊ နောက်ပိုင်းအချင်း (၂၃) လက်မ ရှိကြောင်း သိရသည်။

အဆိုပါ ထန်းလုံးအမြောက်ကို ဒဂုံမြို့နယ်၊ ရှေးဟောင်း သုတေသန ဦးစီးဌာနက တွေ့ရှိခဲ့သည့် နေရာတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

''အခုတူးဖော်တွေ့ရှိခဲ့တဲ့အမြောက်ကို မြေတူးစက်မောင်းတဲ့လူက
မြေကြီးတွေကို တူးဖော်နေတုန်းမှာ တွေ့ရှိခဲ့တာပါ'' ဟု အဆိုပါ အမြောက်တွေ့ရှိရာ နေရာအနီး လုံခြုံရေး ဆောင်ရွက်နေသော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ယခုတွေ့ရှိခဲ့သော အမြောက်သည် အဆိုပါ နေရာတွင် တတိယမြောက် တွေ့ရှိခဲ့သည့် အမြောက် ဖြစ်သည်ဟု သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ပထမအမြောက် တစ်လက်အား စတင်တွေ့ရှိခဲ့ပြီး ဒုတိယမြောက် ထန်းလုံးအမြောက်ကို
အောက်တိုဘာ ၁၈ ရက်နေ့၌ ထပ်မံတွေ့ရှိခဲ့ပြီး ယခုနောက်ဆုံး
တွေ့ရှိရသည့် ထန်းလုံးအမြောက်ကို ၂၀၁၃ ခုနှစ် မေ ၁၃ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...