အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန်ဖုန်း အလုံးရေ တစ်သိန်းကျော်ရောင်းချ ယခင်လထက် ဖုန်းအလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ပြီး မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်

ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း CDMA ဖုန်း အလုံးရေ ၁၀၁၂၁၉ လုံးအား မေ လ ၂၀ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ပြီး ယခင်လကဲ့သို့ပင် မဲနှိုက်သည့် စနစ်ဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရ...န်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့်လက ရန်ကုန်တိုင်း ဒေသကြီးအတွက် တန်ဖိုးနည်း ဖုန်းအလုံးရေခွဲတမ်း ၁၁၉၀၀၀ ရောင်းချပေးခဲ့ပြီး ယခုလအတွက် ခွဲတမ်းရရှိမှာ ဖုန်းအလုံးရေ ၁၀၁၂၁၉ လုံးဖြစ်သောကြောင့် ပြီးခဲ့သည့် လထက် အလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုရောင်းချပေးမည့် ဖုန်းအလုံးရေ ၁၀၁၂၁၉ လုံးထဲမှ ရန်ကုန်တိုင်း အတွင်းရှိ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများအတွက် သုံးပုံတစ်ပုံ ခွဲတမ်းပေးခဲ့ပြီး ကျန်ရှိသည့် ဖုန်းများကို အများပြည်သူအတွက် ရောင်းချမည်ဖြစ်သည်။ ယခု ဒုတိယအသုတ်တွင် ဖုန်းအလုံးရေ အများဆုံး ရောင်းချပေးမည့် မြို့နယ်မှာ ယခင်လကဲသို့ပင် လှိုင်သာယာ မြို့နယ်တွင်ဖြစ်ပြီး ဖုန်းအလုံးရေ ၄၈၉၇ လုံး ရောင်းချပေးမည်ဖြစ်ကာ ယခင်လက ဖုန်းအလုံးရေ ၆၆၀၀ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ဖုန်းအနည်းဆုံး ရောင်းချပေးမည့် မြို့နယ်မှာ ဆိပ်ကမ်းမြို့နယ်ဖြစ်ပြီး ဖုန်းအလုံးရေ ၃၅ လုံးဖြစ်ကာ ပြီးခဲ့သည့်လကလည်း ဖုန်းအလုံးရေ ၅၀ သာ ရောင်းချပေးခဲ့သည်။

ဖုန်းအလုံးရေ ရောင်းချပေးရန်အတွက် ခွဲတမ်းချမှုအား ဆက်သွယ်ရေးမှ ပြုလုပ်ပေးခြင်းဖြစ်ပြီး ခွဲတမ်းချပေးရာတွင် မြို့နယ်၏ လူဦးရေ၊ မြို့နယ်အတွင်း လက်ရှိ ဖုန်းကိုင်ဆောင်ထားသူ စာရင်းများအပေါ် မူတည်၍ ချထားပေးခြင်းဖြစ်သည်။

''အရင်လက ဖုန်းရောင်းပေးတဲ့သူ အရေအတွက်က ၁၂၀၀၀၀ လောက်ရှိခဲ့ပြီဆိုတော့ ဒီလ ခွဲနည်းနည်း လျော့သွားတဲ့ သဘောပါ အဲဒီအတွက် ဒီလအလုံးရေက လျော့သွားတဲ့ သဘောပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။

ယခုလ၌လည်း မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးသွားမည် ဖြစ်သောကြောင့် မဲနှိုက်ရောင်းချပေးသည့် နေရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိစေရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

အစိုးရဌာနဆိုင်ရာများ အတွက်လည်း အရာရှိအဆင့်အား ဖုန်းလုံးဝ မလျှောက်ရန် သတ်မှတ်ထားပြီး ကျန်ရှိသည့် ၀န်ထမ်းများကိုလည်း မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်ဖြစ်သည်။

ပြီးခဲ့သည့်လက ဖုန်းများ ရောင်းချပေးသည့် နေရာတွင် အချို့မြို့နယ်များ၌ ဧည့်စာရင်းဖြင့် နေထိုင်သူများ ဖုန်းလျောက်ထားခွင့် မရရှိခဲ့ကြောင်း၊ သို့သော် ယင်းသို့ ဧည့်စာရင်းဖြင့် နေထိုင်သူများအား ဖုန်းလျှောက်ခွင့် ပေးမပေးကိုမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားခြင်း မရှိကြောင်း၊ ယခုလတွင်မူ မြို့နယ်အတော်များများတွင် ဧည့်စာရင်းဖြင့် ဖုန်းလျှောက်ထားမှုကို လက်ခံခဲ့သည်ဟုလည်း သိရသည်။

ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရှိရန် ရပ်ကွက်တွင်း၌ မဲနှိုက်နေသည်ကို တွေ့ရစဉ်

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...