အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

ချစ်သူမရွေးသေးဘူးဆိုတဲ့ စိုးပြည့်သဇင်

စိုးပြည့်က စီးရီးမှာ ချစ်သူရွေး မယ်ခေါင်းစဉ် ပေးထားတော့ အပြင် မှာရော ချစ်သူရွေး နေပြီလား ဆို တော့ မရွေးပါဘူး။ ဘာသတင်း ကြားလို့လဲ။ ဘာသတင်းမှ မကြား သေးရင် စိုးပြည့် ချစ်သူ မရွေးသေး လို့ပါ။ အဆိုရှင် တစ်ယောက် အနေ နဲ့ရပ်တည်ရတဲ့ ဘဝရော၊ သရုပ် ဆောင်တစ်ယောက် အနေနဲ့ ရပ် တည်ရတဲ့ ဘဝကိုရော စိုးပြည့် နှစ် သက်ပါတယ်။ နှစ်ခုလုံးလည်း ဝါသနာ ပါတယ်။
စိုးပြည့် ဖြေထားတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင် စာရင်းကလည်း ထွက်တော့မယ် ဆိုတော့ စိုးပြည့် ကြောက်နေလား ဆိုတော့ ကြောက်တယ်။ အရမ်း ကြောက်တယ်။ စိုးပြည့်က သာမန် ကျောင်းသူတစ်ယောက်လည်း မဟုတ်ဘူး။ ရတဲ့အချိန် လေးမှာပဲ ကြိုးစား ရတာ။ တကယ်ဖြေတော့ လည်း စိုးပြည့် ကြောက်တယ်။ အောင်မယ် မအောင်ဘူး ကလည်း မပြောနိုင် သေးဘူးလေ။ စိုးပြည့် တတ်နိုင် သလောက်တော့ ကြိုးစားပြီး ဖြေခဲ့ တာပဲ။ ကံတရား အပေါ်မှာပဲ မူ တည်ပါတယ်။

စိုးပြည့်က ရှူတင်မှာ စာကျက် ခဲ့ရတဲ့ အချိန်တွေလည်း ရှိ ခဲ့တယ်။ ပရိသတ်ကြီးလည်း စိုးပြည့် စာမေးပွဲ အောင်ဖို့ ဆုတောင်း ပေးကြ ပါလို့ ပြောချင်ပါတယ်။ စိုးပြည့်တို့ ညီအစ်မတွေ မဆုံဖြစ်ကြ ဘူးဆိုတာ မကြီးတို့ ၊ မဒါတို့ မဒီဒီတို့က သူ့အချိန် ဇယားနဲ့သူ စိုးပြည့် ကလည်း ကိုယ့်အချိန် ဇယားနဲ့ကိုယ် ဆိုတော့ မဆုံဖြစ်တာပါ။ ဇာတ်တွေ အပေါ်မှာလည်း မူတည် ပါတယ်။ စိုးပြည့်တို့ ညီအစ်မတွေကို ချစ်ပေး တဲ့ပရိသတ်ကြီးကို ကျေးဇူးတင်ပါ တယ်။ စိုးပြည့်လည်း ညီအစ်မတွေ ဆုံပြီး ရိုက်ချင်ပါတယ်။

ဒါပေမယ့် လည်း ဇာတ်အခြေ အနေကလည်း ရှိသေးလို့ပါ သူ့အချိန် ဇယားနဲ့သူ ဆိုတော့ ညှိဖို့ကလည်း နည်းနည်း ခက်လို့ပါ။

မြန်မာ့လင်းရောင်ခြည်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...