အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံချက်များကြောင့် ယခုပညာသင်နှစ် ကျောင်းအပ်ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက် ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။

"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာကြောင့်ပဲယူယူ စစ်ဆေးလို့
ကောက်ခံထားတာ တွေ့တာနဲ့ ရာထူးက တစ်ခါတည်း အနားပေးလိုက်
တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေး ဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ
သူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများ အလိုက် ပြောင်း
ရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။

"အခုက တအားဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရသေ လာက်ပဲ ပြုပြင်သွားမှာပဲ"ဟု ရန်ကုန်မြို့တော်ရှိ
ကျောင်းအုပ်ဆရာတစ်ဦးက ပြောဆိုသည်။နှစ်စဉ် ပညာရေးဝန်ကြီးဌာနက
ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်း ချခြင်းတို့ကို တားမြစ်ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန်လည်
ဖွင့်လှစ်မည် ဖြစ်သည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...