အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

အောင်မြင်သူတို့ ပေးသော သင်ခန်းစာ


တစ်ချိန်တုန်းကပေါ့။ ပီလီတစ်ယောက် ဘောလုံးသမား ဘဝကနေ အနားယူတုန်းက ဝမ်းနည်းစကားသံတွေ ကြားခဲ့ဖူးတယ်။ ယခုလည်း ဘက်ခမ်းက အနားယူပြီ၊ ဖာဂူဆန်လည်း မန်ယူကို ကျောခိုင်းပြီ။ မင်းသား ဂျက်ကီးချန်းလည်း ရုပ်ရှင်လောကကို စွန့်ခွာ လိုက်ပါပြီ။ တစ်ချိန်က သမ္မတ ဘွတ်ရှ်ဆိုတာ အမေရိကန်နိုင်ငံရေးမှာ ဦးဆောင် လှုပ်ရှားသူ။ ယခုတော့ သူလည်း အနားယူပြီ။ တစ်ချိန်က လူမည်းအတွက် တိုက်ခိုက်ပေးတဲ့ တောင် အာဖရိကက လူမည်း ခေါင်းဆောင် တစ်ဦး ဘယ်သူလဲ ဆိုတာ သိမှာပေါ့။

သူတို့က ပေးသော သင်ခန်းစာ

ဒီလိုပါပဲ။ လောကမှာ ရုပ်နဲ့ နာမ် နှစ်ခုပဲ မမြဲတာ မဟုတ်ပါဘူး။ ရုပ်၊နာမ် အပေါ် မူတည်ပြီး ဖြစ်လာတယ်။ အောင်မြင်ကျော်ကြားမှု၊ ဂုဏ်၊ ပကာ သန အရာအားလုံးကလည်း နေဝင်ချိန်နဲ့ နေထွက်ချိန်က ရှိစမြဲပါ။

မနက်လင်းကတည်းက တစ်နေ့လုံး တိမ်မဖုန်းပဲ နေသာပြီး ညနေမှ ပျောက်သွားရင် "ဒီနေ့တော့ နေသာတယ်ဟေ့"လို့ လူတိုင်း ပါးစပ်ဖျား မှာ ကျန်ခဲ့မှာပါ။ တိမ်ဖုံးရင် "ဒီနေ့ တိမ်နည်းနည်းထူတယ်ဟေ့" လို့ ပြောမှာပဲလေ။

ဒီလိုပါပဲ။ ဘဝလမ်းခရီးမှာ နေတစ်စင်းလို အပေါ်မှာ အုပ်မိုးနေတုန်း ကောင်း သော စကားတစ်ခွန်းတော့ ကျန်ရှိဖို့လိုပါမယ်။ ကိုယ် ဒီလောကက စွန့်ခွာခါနီး၊ စွန့်ခွာသွားချိန်မှာ လူတိုင်း ပါစပ်ဖျား ပေါ် ကိုယ့်အကြောင်းရောက်လာမယ်လေ။ အဲ့ဒီလူပေါ့။ တစ်ချိန်တုန်းက ငါတို့ကို ပညာသင်ပေးခဲ့တာ။ အဲဒီလူပေါ့ တစ်ချိန်တုန်းက တို့နိုင်ငံ အတွက် တော် လှန်ပေးခဲ့တာ။ အဲဒီလူပေါ့ တစ်ချိန်တုန်းက အနုပညာ လောကမှာ ဟုန်းဟုန်းတောက်ပဲ။ လူတိုင်းချစ်တဲ့ အနုပညာရှင်လေ။ အဲ့ဒီလူပေါ့ ငါတို့ နိုင်ငံအားကစားဂုဏ်ဆောင်သွားတာ။ အစရှိသဖြင့် ကောင်းသော စကား လူတိုင်းကြားချင်မှာ အမှန်ပါပဲ။ တို့ ပတ်ဝန်းကျင်ကို ဘာဂရု စိုက်စရာ ရှိလို့လဲလို့ တစ်ချို့ တွေးစရာလေးတော့ ရှိသား။ တို့ရေသယ်ပြန်မလာတာ ဘာဖြစ်လို့လဲ နဲ့အတူတူပါပဲ။ ရေငတ်တဲ့ တစ်ချိန်ကျ တန်ဖိုး ကို နားလည်တတ်မှာပါ။


ဒီတော့ ဘာလုပ်သင့်လဲ။ စာဖတ်သူရဲ့  အလင်းထွက်တဲ့ တစ်နေ့သာလေးမှာ အပြည့်အဝလင်းလက်စေဖို့ ဆန္ဒပြု ရေးသားလိုက်ရပါတယ်။
-
အောင်ခမ်း (ရိုးရာလေး)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...