အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

ကင်းထောက် အမျိုးသား ကောင်စီ အဖွဲ့ ဖွဲ့စည်းသွားရန်ရှိ


ပြည်တွင်းမှာ ကင်းထောက် အမျိုးသား ကောင်စီအဖွဲ့ ဖွဲ့စည်းသွားဖို့ အတွက်ကို ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာရှ ပစိဖိတ်ဒေသဆိုင်ရာကင်းထောက်အဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်တွင်းမှ စီနီယာ ကင်းထောက်ကြီးများမှ ဆွေးနွေးမှုများ ပြုလုပ်ပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆွေးနွေးရာမှာ ကင်းထောက် အမျိုးသား ကောင်စီ ဖွဲ့စည်းဖို့ အတွက် မူဘောင် ထားရှိမှုများ၊ အဖွဲ့ဝင် ပုဂ်္ဂိုလ်တွေနဲ့ ပတ်သက်တာတွေ
အပြင် ကောင်စီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဓိကထား
ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူ ၉ ဦးဟာ မေလ ၁၅ ရက်နေ့က ပြည်တွင်းသို့ ရောက်ရှိခဲ့ပြီး ၎င်းတို့ရောက်ရှိစဉ် ကာလအတွင်းမှာ ပြည်တွင်းမှ ကင်းထောက်ဟောင်း
ကြီးများနဲ့ တွေ့ဆုံခြင်း စတာတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

ဒါ့အပြင် မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့နဲ့ ဆက်သွယ်နိုင်ဖို့ကိုပါ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြန်လည်ဖွဲ့စည်းမယ့် ကင်းထောက် အမျိုးသားကောင်စီဟာ ဆိုရင်လည်း ပြည်တွင်းမှာ ၁၉၆၄ မတိုင်ခင်က ဖွဲ့စည်းမှုရှိခဲ့ပြီး နောက်ပိုင်း
မှာတော့ အကြောင်းကြောင့် ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Mrtv-4

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...