အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့် အမှု


                            သရုပ်ဆောင် လင်းဇာနည်ဇော်၊ ဓာတ်ပုံ- လင်းဇာနည်ဇော်ရဲ့ ဖေ့စ်ဘုတ်
မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယို လောကမှာ နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ လင်းဇာနည်ဇော်က ခင်ပွန်းသည် ရဲကိုကို နဲ့ အိမ်ထောင်ရေး ကွာရှင်းခွင့် တရားရုံးမှာ တရားမမှုနဲ့ စွဲဆိုထားတဲ့ အမှုငြင်းချက်ထုတ် သမ္မန်စာ ကို သတင်းစာမှာ ကြေညာထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ ၂၀၁၃ ခုနှစ် တရားမကြီးမှုအမှတ် ၇၈ အရ ကွာရှင်းခွင့်

တောင်းဆိုခဲ့တာကို အစိုးရ သတင်းစာတစောင်ဖြစ်တဲ့ ဧပြီလ ၂၉ ရက်နေ့က ကြေးမုံသတင်းစာမှာ တရားလို လင်းဇာနည်ဇော်က တရားပြိုင် ရဲကိုကိုအား ရှေ့နေကတဆင့်  ငြင်းချက်ထုတ် သမ္မာန်စာ ဆင့်ခေါ်ထားပါတယ်။ 


 ဓာတ်ပုံ- ဧပြီ ၂၉ ရက်နေ့ ကြေးမုံသတင်းစာ

ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ခင်သန့်ဇင် လက်မှတ်ရေး ထိုးထားတဲ့ သမ္မန်စာအရ လာမယ့် မေလ ၂၃ ရက်နေ့မှာ တရားရုံးမှာ ရဲကိုကို ကိုယ်တိုင် ဒါမှ မဟုတ် ကိုယ်စားထုချေ မယ့်သူအနေနဲ့ မပျက်မကွက်လာရောက်ဖို့ ရေးထားပါတယ်။

ဘယ်လိုအကြောင်းကြောင့် အိမ်ထောင်ရေးကွာရှင်းခွင့်တောင်းထားတယ်ဆိုတာတော့ သေချာမသိရပါဘူး။ နီးစပ်သူတချို့ပြောကြတာကတော့ လတ်တလောမှာ သရုပ်ဆောင် ရဲကိုကိုဟာ ဂျပန်နိုင်ငံမှာ နေထိုင် လျှက် ရှိတယ်လို့ ဆိုပါတယ်။ 

အာဇာနည်နေ့မှာ မွေးဖွားခဲ့သူ လင်းဇာနည်ဇော်ဟာ ဦးရဲမျိုးသွင် ခေါ် ဦးရဲကိုကို နဲ့ ပေါင်းသင်းနေထိုင်လာ ခဲ့တာ မြူလင်းကိုကို ဆိုတဲ့ သမီးတဦး ထွန်းကားခဲ့ပါတယ်။ 

လင်းဇာနည်ဇော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလလယ် ပိုင်း ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ ပဲခူးမြို့အနီးမှာ ယာဉ်တိမ်းမှောက် မှု ဖြစ်ပွားခဲ့လို့ ဒဏ်ရာရခဲ့ပါသေးတယ်။ 


အိမ့်သံစဉ် ~

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...