အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့တွင် ၄ ရက်အတွင်း လူ ၁၀ ဦး သေဆုံး



မြန်မာပြည်အလယ်ပိုင်းက ချောက်မြို့မှာ အပူချိန်မြင့်တက်တဲ့အတွက် ၄ ရက်အတွင်းမှာ လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
“အပြင်ချိန်မြင့်တော့ နဂိုမကျန်းမာတဲ့သူတွေ၊ အရက်သောက်တဲ့သူတွေ အဲဒါတွေ သေကြပါတယ်။ အသက် ၄၀ ကျော်တွေနဲ့ ကျန်တာတွေတော့ ၆၀ ကျော်တွေပါ။”ချောက်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ ဦးမောင်မောင်ကျော်ကတော့ အပူချိန်ကြောင့် ဖြစ်တတ်တာတွေနဲ့ သူကြုံတွေ့တာကို အခုလို ပြောပါတယ်။

“အပူရှပ်တာတော့ ရောက်မလာဘူး။ အပူကြောင့်ဖြစ်တာ ၃ မျိုးတွေရှိတယ်။ အပူကြောင့် ဗိုက်နာတာ၊ ကြွက်သားတွေနာတာ အဲဒါလည်း သိပ်မတွေ့ဘူး။ အပူကြောင့် နှုံးတာ နည်းနည်းပါးပါးတွေ့တယ်။ နောက် အပူကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာတော့ မတွေ့သေးဘူး။ အများကြီး မတွေ့သေးဘူး။”

ချောက်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစန်းလွင်ကတော့ ဒီတပတ်အတွင်းမှာ အပူချိန်ကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာ ၃ ဦး ရောက်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ချောက်မြို့ ဆေးရုံမှာ အပူချိန်ကြောင့် လူနာတွေ ထားလို့မဆန့်အောင်အထိ ဖြစ်ခဲ့ပြီး အသေအပျောက်လည်း များခဲ့တယ်လို့ သိရပါတယ်။

မိုးလေ၀သပညာရှင်တွေကတော့ မြန်မာနိုင်ငံတ၀န်းမှာ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှု အဆင့်ကို ရောက်ရှိနေတာကြောင့် နေပူထဲကို မသွားကြဖို့၊ သွားရင်လည်း နေရောင်ခြည် မထိအောင် လုံလုံခြုံခြုံဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

DVB Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...