01 May, 2014
အမျိုးသမီးဖြစ်သူအား ထောင်ဒဏ်(၂၇)နှစ် အမိန့်ချ ပြီးနောက် နာရီပိုင်း အတွင်း ခင်ပွန်းဖြစ်သူက တရားရုံးမှ စီးနင်း ကယ်ထုတ်သွားဟုဆို
လောက်ကိုင်မြို့ တုံချိန်ပန်းခြံရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပြတိုက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ခရိုင် လောက်ကိုင် မြို့နယ် လောက်ကိုင်မြို့ မြို့နယ် တရားရုံးတွင် လောက်ကိုင်တရား ရုံးမှ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု တို့ဖြင့် ပြစ်မှု ထင်ရှားသဖြင့် ကိုးကန့် အမျိုးသမီးဖြစ်သူအား ထောင်ဒဏ် (၂၇)နှစ်ကျခံရန် ယခုလ ၁ဝရက် မွန်းလွဲ ၁၂နာရီခွဲခန့်တွင် အမိန့် ချမှတ်ခဲ့သည်။ ယင်းသို့ အမိန့် ချမှတ်ပြီးနောက် နာရီဝက်အကြာ တွင် ယင်းအမျိုးသမီး၏ ခင်ပွန်း ဖြစ်သူက လက်နက်ကိုင်တပ်သား ငါးဦးဖြင့် တရားရုံးသို့ ဝင်ရောက် စီးနင်းကာ အမျိုးသမီးဖြစ်သူအား ကယ်ထုတ်သွားခဲ့ကြောင်း သိရ သည်။
ယင်းအမျိုးသား ဖြစ်သူမှာ ကိုးကန့်တပ်မှ တပ်သားအဆင့် ရှိသူဖြစ်ပြီး ၄င်းနှင့်အပေါင်းပါ တပ်သားငါးဦးကို ခေါ်ဆောင်ကာ တရားရုံးသို့ ဝင်ရောက်စီးနင်းပြီး ယင်းသို့ ကယ်ထုတ်သွားခြင်းဖြစ် ကြောင်း၊ တရားရုံးတွင်လည်း ရဲတပ်ဖွဲ့အင်အား သုံးဦးသာရှိ သောကြောင့် ယင်းအချိန်က ဘာမှ မလုပ်နိုင်ခဲ့ကြောင်း အမည်မဖော် လိုသူ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။
''ကယ်တဲ့လူတွေကကျွန်တော် တို့ကိုပါပစ်ဖို့ သေနတ်တွေ မောင်း တင်ပြီးသား။ ဖြစ်ချင်တော့ သူတို့ ကိုးကန့်တပ်က အရာခံဗိုလ်တစ်ဦး ကလဲ တခြားကိစ္စနဲ့တရားရုံးထဲ ရောက်နေတယ်။ သူက ဝင်တား လိုက်တော့မှ မိန်းမကိုကယ်ပြီး ပြန် ထွက်သွားတာ''ဟု၎င်းကဆိုသည်။
ယခုအခါ ယင်းထွက်ပြေး လွတ်မြောက်သွားသော တရားခံ အမျိုးသမီးအား ပြန်လည်ဖမ်းဆီး ရမိပြီဖြစ်ပြီး ယနေ့အထိ တရားရုံး တွင် ရမန်မယူသေးကြောင်း၊ ၄င်း၏ခင်ပွန်းဖြစ်သူကိုမူ ကိုးကန့် တပ်မှ ကိုင်တွယ်မည်ဟု ယူဆ ကြောင်း လောက်ကိုင်တရားရုံးမှ တရားရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
လောက်ကိုင်မြို့သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တည်ရှိပြီး ယခင်နှစ်များစွာက နယ်မြေမအေးချမ်းသော်လည်း ယခုနောက်ပိုင်းတွင်မူ လွန်စွာ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း လောက်ကိုင်မြို့ခံ တစ်ဦးက ပြော သည်။
စိုးကြီး
The Union Daily
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
May
(106)
-
▼
May 01
(17)
- အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်
- Mr. Poem စားသောက်ဆိုင်ဖွင့်ထားတဲ့ ဇာနည်နဲ့ ကြည်လဲ့...
- ချောင်းဆိုးခြင်းကို သက်သာစေမယ့် နောက်ဆုံးပေါ် လက်နက...
- ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ တစ်သန်းတန် စက်ဘီး
- သူကြီးဖြုတ်ချရေးအတွက် အောင်လံမြို့ပေါ်တက်ပြီး ဆန္ဒပြ...
- ထိုင်း - မြန်မာ ဂီတ အနုပညာအသင်း ဖွဲ့စည်းလိုက်ပြီ
- ထိုင်းအစိုးရကို မြန်မာအလုပ်သမားတွေ ဆန္ဒပြ
- လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့...
- တစ်နှစ်ခွဲကျော် ရင်ဆိုင်ခဲ့တဲ့အမှု တေးသံရှင် မီးမီး...
- မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်
- အမျိုးသမီးဖြစ်သူအား ထောင်ဒဏ်(၂၇)နှစ် အမိန့်ချ ပြီး...
- အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့တွင် ၄ ရက်အတွ...
- ရထားသံလမ်းတွင်လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး ရထ...
- ရခိုင်ပြည်နယ်ရှိ ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် အမေရိ...
- ချယ်ဆီးမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း မော်ရင်ဟို ပြေ...
- အလုပ်သမားများ ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားရန် သ...
- ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်...
-
▼
May 01
(17)
-
▼
May
(106)