အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခံထားရ



“အမှန်တရား မကြာခင်အတွင်း ပေါ်လာပါလိမ့်မယ်။ သူငယ်ချင်းများ အားလုံး
ကို ကျေးဇူးတင်ပါတယ်”အဲဒီလို ပြောလိုက်သူက နာမည်ကြီး သရုပ်ဆောင်

မင်းသမီး ဆုပန်ထွာနဲ့ မကြာသေးခင်က လူသိ ရှင်ကြား စေ့စပ်ပွဲလေး လုပ်ခဲ့တဲ့ ကိုဥက္ကာကျော်ဖြစ်ပါတယ်။



အဲဒီလို ဘာကြောင့်ပြောရတာလည်းဆိုတော့ ဧပြီလ ၂၉ ရက်နေ့ ကြေးမုံသတင်းစာပါ ခင်ပွန်းဖြစ်သူ ရဲ့ စေ့စပ်ကြောင်း လမ်းခြင်းအပေါ် ကန့်ကွက် ကြေညာခြင်း ဆိုတဲ့ ကိုဥက္ကာကျော်ရဲ့ ဇနီးဟောင်း ဖြစ် သူ ဒေါ်မဉ္စူအောင်ရဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာမှုပါဘဲ။

အမေရိကန်ပြည်ထောင်စုမှာ သားတဦးမိခင် ဒေါ်မဉ္စူအောင်ရဲ့ အီးမေးလ်၊ တယ်လီဖုန်းတို့နဲ့ လွှဲအပ်ညွှန် ကြား ချက်အရ ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က အဲဒီကြေညာချက်ကို ထည့်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်အရ ကိုဥက္ကာကျော်နဲ့ မမဉ္စူအောင်တို့ဟာ ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ၂ ဖက်မိ ဘတွေရဲ့ သဘောတူညီချက်တွေနဲ့ တရားဝင် ထိမ်းမြားလက်ထပ်ခဲ့ကြပြီး သား တဦးထွန်းကားခဲ့ပါတယ် တဲ့။

အခုအခါ အသက် ၁၁ နှစ် ရှိပြီဖြစ်တဲ့ သားဖြစ်သူဟာ မွေးရာပါ ရောဂါ စွဲကပ်နေလို့ ဆေးကုသဖို့ အမေရိကန် ပြည်ထောင် စုကို ရောက်နေတာဖြစ်တယ်လို့ ရေးထားပါတယ်။

ဒေါ်မဉ္စူအောင်က ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင်ုပန်ထွာတို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ က လူသိရှင် ကြား စေ့စပ်ကြောင်းလမ်းတာကို အင်တာနက်အွန်လိုင်းတွေမှာတွေ့လို့ ကိုဥက္ကာကျော်ရဲ့ မိဘများကို ဆက်သွယ်ခဲ့ရာမှာ မိဘတွေကလည်း ပါဝင်ပတ်သက်တာမရှိသလို သဘောတူမှုလည်း မရှိဘူး လို့ ဆိုတဲ့အကြောင်း ကြေညာချက်မှာ ရေးပါတယ်။

တဖက်ကလည်း ဒေါ်မဉ္စူအောင်နဲ့ ကိုဥက္ကာကျော်တို့ဟာ မြန်မာ့ဓလေ့ထုံးစံ အတိုင်း တရားဝင် လက်ထပ် ထားတာဖြစ်သလို တရားဝင်ကွာရှင်း ထားခြင်း လည်း မရှိလို့ ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်းခြင်းအပေါ် ကန့်ကွက်တယ်လို့ ကြေညာထားပါတယ်။



အိမ့်သံစဉ်
(ဧရာဝတီ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...