အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

ချယ်ဆီးမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း မော်ရင်ဟို ပြောကြား



ချယ်ဆီးသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာသည့် ဟိုဆေးမော်ရင်ဟိုက မိမိအနေဖြင့် ချယ်ဆီးတွင် ရာသက်ပန် နေထိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ပေါ်တူဂီလူမျိုး မော်ရင်ဟိုသည် သုံးနှစ်ကြာ နေထိုင်ခဲ့သည့် ရီးယဲမက်ဒရစ်တွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် နွေရာသီက စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ၎င်းသည် ချယ်ဆီးကို ပထမဦးဆုံး အကြိမ် တာဝန်ယူခဲ့သည့် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့သည်။

မော်ရင်ဟိုသည် ပထမအကြိမ်က နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ချယ်ဆီးမှ ထွက်ခွာသွားခြင်း ဖြစ်သော်လည်း ယခုအခါတွင် မန်နေဂျာဘဝ တစ်လျှောက် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်သာ နေထိုင်ရန် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။

“အသင်းက ကျွန်တော်နဲ့ လမ်းခွဲဖို့ မဆုံးဖြတ်မချင်း ကျွန်တော် ချယ်ဆီးမှာ ဆက်ရှိနေချင်ပါတယ်။ ကျွန်တော် အသင်းမှာ ဆက်ရှိ မရှိက အသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီမှာ ရာသက်ပန် နေချင်တာပါ။ ချယ်ဆီးက လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များထံ ပြောကြားခဲ့သည်။

ချယ်ဆီးသည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ ဒုတိယနေရာတွင် ရပ်တည်နေပြီး တနင်္ဂနွေနေ့က အန်ဖီးလ်တွင် ကစားခဲ့သည့် ပွဲတွင်လည်း လီဗာပူးလ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရယူခဲ့သည်။

Soccer Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...