အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ တစ်သန်းတန် စက်ဘီး



အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် ကုမ္ပဏီ တစ်ခု ဟာ ရွှေအစစ် နဲ့ ပြုလုပ် ထားတဲ့ ဒေါ်လာ တစ်သန်းတန် စက်ဘီးကို မိတ်ဆက် ပြသ ခဲ့ကြောင်း သိရပါတယ်။ ဒီ စက်ဘီးကို (၂၄) ကာရက် ရှိ တဲ့ ရွှေနဲ့ ပြုလုပ် ထားတာ ဖြစ်ပြီး စက်ဘီး မှာ ပါဝင် တဲ့ ထိုင်ခုံ နဲ့ ရေဗူးတို့ကို အကောင်းစား သားရေတွေ အသုံးပြု ထားပါတယ်။ ဒီစက်ဘီးကို The House of Solid Gold ကုမ္ပဏီ က ပြုလုပ်ထားခြင်း ဖြစ်ပြီး လက်မှု ပညာနဲ့ ဖန်တီးထားခြင်းဖြစ်တာမို့ နာရီပေါင်း (၇၂၀) ကျော် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ စက်ဘီးမှာ ဖန်တီးသူရဲ့လက်မှတ်ပါဝင်ပြီး စုစုပေါင်း (၁၃) စီးသာ ထုတ်လုပ်သွားမှာ ဖြစ် ပါတယ်။ စက်ဘီးထုတ်လုပ်တဲ့ ကုမ်္ပဏီရဲ့ စီအီး အိုဖြစ်သူ ဟုခ်ျပါဝါက တောင်တက်ဘီးစီးနင်း ရာ ကနေ ရွှေအစစ်နဲ့ ဖန်တီး ထားတဲ့ စက်ဘီး ကို ဖန်တီးဖို့ စိတ်ကူးရခဲ့ကြောင်း နောက်ဆုံး ပေါ် နည်းပညာတွေနဲ့ ဖန်တီးထားပေမယ့် စိန် ခေါ်မှုများနဲ့ ကြုံတွေ့ရနိုင်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

စက်ဘီးရဲ့ ဈေးနှုန်းက များပြားနေပေမယ့် ရောင်းချလိုတဲ့ ငွေကြေး တွေကို လူမှု အဖွဲ့အစည်းတွေ ထံ ပြန်လည် လှူဒါန်းသွားမယ်လို့ သိရပါ တယ်။ ဟုခ်ျ ပါဝါက ကျွန်တော်တို့ စက်ဘီးရဲ့ ဈေးနှုန်းဟာ အလွန်များပြားနေ ပါတယ်။ ဒါပေမဲ့ ရောင်းချ လို့ရတဲ့ ငွေကြေးတွေ ထဲက အချို့ကို ပြန်လည် လှူဒါန်း သွားမှာ ဖြစ် ပါတယ်။ ကမ္ဘာ တစ်ဝန်း လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဘာသာခြား အဖွဲ့ အစည်းတွေ ကို လှူဒါန်း သွားမှာ ဖြစ်တာမို့ စက်ဘီး ၀ယ်ယူသူဟာ အခြားအကျိုးကျေးဇူးတွေကို လည်း ခံစားရမှာ ဖြစ်ပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။

The Messenger

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...