အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

ထိုင်း - မြန်မာ ဂီတ အနုပညာအသင်း ဖွဲ့စည်းလိုက်ပြီ



ထိုင်း-မြန်မာ ဂီတအနုပညာအသင်းဆိုတာ မကြာသေးခင်ကပဲ ပေါ်ပေါက်လာခဲ့ပါပြီ။ ဒါကတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာနိုင်ငံရဲ့ အနုပညာ အမွေအနှစ်တွေပိုမိုရင်းနှီးလာဖို့ အတွက် ပြီးခဲ့တဲ့ ဧပြီလ လယ်က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ နိုင်ငံရေးအဖွဲ့အစည်းလည်း မဟုတ်လို စီးပွားရေး အကျိုးအမြတ်အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ 

"ထိုင်း - မြန်မာ ဂီတအနုပညာအသင်း ကြီးအား ခရစ် နှစ် ၂၀၁၄ - ခု ၊ ဧပြီလ ၁၇ - ရက် ကြာသာပတေး
နေ့ တွင် ယာယီ ဖွဲ့စည်းခဲ့ပါသည်။ ထိုင်း - မြန်မာဂီတအနုပညာအသင်း၏ ယာယီတည်ထောင်ခဲ့သော အသင်း၏ သက်တမ်းမှာ ရက်(၉၀) ဖြစ်ပြီး၊ အဆိုပါ ရက်(၉၀) သက်တမ်းအတွင်း၊ ထိုင်းနိုင်ငံ တွင် အခြေ စိုက်နေထိုင်သော မြန်မာဂီတ ၀ါသနာရှင်များနှင့် ဂီတပညာရှင်များ တတ် နိုင်သမျှ စုစည်းကာ အသင်းအား ပြန်လည် အတည်ပြုဖွဲ့ စည်းကြရန်ဖြစ်ပါသည်" လို့ အသင်းရဲ့ ထုတ်ပြန်မှုက ဖော်ပြပါတယ်။

အသင်းရဲ့ ရည်ရွယ်ချက်။    ။

" ထိုင်းနိုင်ငံရှိအဝေးရောက်မြန်မာမိသားစုများနှင့် မြန်မာလူငယ်များ မြန်မာ့ ယဉ်ကျေးမှု အမွေ အနှစ်များ
နှင့် ပြန်လည်ရင်းနှီးလာစေရန် နှင့် ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာမိသားစုများ မြန်မာ့ဂီတ ၀ါသနာရှင် များ ၊ မြန်မာ့ ဂီတချစ်သူများ ၊ မြန်မာ့ဂီတ ပညာရှင်များ အားလုံးနှင့် သက်ဆိုင်သော၊ “ထိုင်း - မြန်မာ ဂီတအနုပညာ အသင်းကြီး“ သည် ထိုင်းနိုင်ငံရှိ မြန်မာများ အားလုံးအတွက် အနုပညာနှင့် ပတ်သက်သော ကိစ္စရပ်များတွင် မြန်မာများအားလုံး၏ ကိုယ်စား အဓိကဆောင်ရွက်နိုင်ရန် ဖြစ်ပါသည် ။"

ထိုင်-မြန်မာ ဂီတ အနုပညာအသင်းကြီးရဲ့ နာယက မောချစ် မြန်မာ ဘုန်းတော်ကြီး ဦးသီဟဉာဏ ဖြစ်ပြီး ဒါရိုက်တာအဖြစ် စန္ဒယား ဦးအောင်ဝင်း က ဆောင်ရွက်ပါတယ်။ 

အသင်းကြီးကို တည်ထောင်သူလည်းဖြစ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သူကတော့ ဆရာမ 
ဒေါ်မေကျော့ရှင်း ဖြစ်ပြီး ဘဏ္ဍာရေးမှူးအဖြစ် ဦးကြည်ညွန့် ( စာရေးဆရာ မင်းဒင်) တို့က တာဝန်ယူထား ကြပါတယ်။ 

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး ရှိတာကြောင့် သူတို့တွေရဲ့ ပင်ပန်း ရုန်းကန်နေကြရတဲ့ ဘဝအမောတွေကိုလည်း ဂီတ အနုပညာနဲ့ စိတ်ပျော်ရွှင်မှုတွေဖြစ်စေဖို့လည်း အသင်း ကြီးက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို အသင်းရဲ့ စီမံချက်အရ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီနေထိုင် အလုပ်လုပ်စေရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းရှင်းရေးနဲ့ အလုပ်သမားကောင်း ဖြစ်စေ ရေး ဆိုတဲ့ ရည်ရွယ်ချက်တွေရှိတယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...