အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

သူကြီးဖြုတ်ချရေးအတွက် အောင်လံမြို့ပေါ်တက်ပြီး ဆန္ဒပြခြင်း


 .  မကွေးတိုင်း အောင်လံမြို့နယ်မှာ အာဏာပိုင်တွေခွင့်မပြုတဲ့ ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ တောင်းဆိုကြတာကတော့   ရွာသူကြီး တယောက်ကို ရာထူးက ဖယ်ရှားရေးပါပဲ။စကြီးကျေးရွာ ဒေသခံ ၅၀ ဝန်းကျင်က သူတို့ရွာရဲ့ အုပ်ချုပ်ရေးမှူးကို  ရာထူးက ဖယ်ပေးဖို့ တိုင်းဝန်ကြီးချုပ် နဲ့ ဌာနဆိုင်ရာတွေကို ဒေသခံ(၂၃၄)ယောက် လက်မှတ် ရေးထိုးထားတဲ့တိုင်စာ ၂ ကြိမ်

ပို့တယ်၊
ထူးခြားမှု မရှိတဲ့အတွက် ဆန္ဒပြခွင့်ပြုဖို့ မြို့နယ် ရဲစခန်းမှာ လျှောက်လွှာတင်တာလည်း   ငြင်းပယ်ခံရတယ်လို့   ဦးဆောင်သူ ဦးညီငယ်လေးက  ပြောပါတယ်။

        "ဆန္ဒပြပွဲမလုပ်ဖို့ အောင်လံမြို့က ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။
ဒီအုပ်ချုပ်ရေးမှူးကိုလည်း တလ အတွင်း ဖယ်ရှားပေးမယ်လို့ ပြောပါတယ်။
အများရဲ့ဆန္ဒအရ အဲဒါတွေကို လက်မခံဘဲ (အယူခံလည်း မဝင်ဘဲ) ဆန္ဒပြဖို့ လုပ်ဖြစ်တာပါ။
အကျင့်စာရိတ္တလည်း မကောင်း၊ ကျေးရွာသားတွေ စည်းစည်းလုံးလုံးဖြစ်တာလည်း မကြိုက်၊  နောက်ဆုံး ဘာသာရေးကအစ ဝင်ရောက်စွက်ဖက်နေတဲ့ အုပ်ချုပ်ရေးမှူးကို အမြန်ဆုံး ဖယ်ရှားပေးချင်ပေး မပေးချင်နေ။
ကျနော်တို့ကတော့ တနိုင်ငံလုံးသိရအောင် ဆန္ဒဖေါ်ထုတ်တာပါ"

  ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ စကြီးကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်ဦးယသိန္ဒက အခုလို မိန့်ကြားပါတယ်။

        "ဦးဇင်းတို့ကို ဆန္ဒပြလို့မရအောင် နည်းမျိုးစုံသုံးပြီးတော့ အောင်လံမြို့နယ် ရဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ချော့လိုက်ချောက်လိုက်လုပ်တယ်။
ဒါမကွေးတိုင်းထဲမှာ အုပ်ချုပ်ရေးမှူး ဖြုတ်ချဖို့ ပထမဆုံး တရားမဝင် ဆန္ဒပြတာဖြစ်တဲ့ အတွက် စံပြအနေနဲ့ အရေးယူလိမ့်မယ်လို့ ဦးဇင်းတို့ဘက်က ထင်တယ်။ ယူချင်လဲယူပါစေ။
အခုလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြုတ်ချရေး အတွက် စံနမူနာအနေနဲ့ လုပ်ပြတာလည်း ဖြစ်တယ်။ တနိုင်ငံလုံးကိုလည်း သိစေချင်တယ်"

ဒေသခံတွေဆန္ဒပြခြင်းနဲ့ ပတ်သက်ပြီး  သူတို့ရွာက သူကြီး ဦးဖိုးသူကို ဆက်သွယ်လို့ မရသေးပါဘူး။

ဒီကနေ့မနက် တနာရီကျော်ကြာအောင် ဆန္ဒပြခဲ့တဲ့နေရာတွေကတော့  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ လူစည်ကားရာနေရာတွေမှာ ဖြစ်ပါတယ်။
 


  • ကောင်းမြတ်မင်း


ဧရာဝတီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...