01 May, 2014
အလုပ်သမားများ ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားရန် သမ္မတ ပြောကြား
အာဆီယံ စီးပွားရေးအသိုက်အ၀န်းအတွက် မြန်မာအလုပ်သမားအတွေအနေနဲ့ ကျွမ်းကျင်မှု ရှိအောင် ပြင်ဆင်ထားကြဖို့ သမ္မတဦးသိန်းစိန်က ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၁၅ ခုနှစ် အာဆီယံဒေသတွင်း အကောင်အထည်ဖော်မယ့် စီးပွားရေး အသိုက်အ၀န်းအတွက် မြန်မာအလုပ်သမားတွေ ကြိုတင်ပြင်ဆင်ထားဖို့ အလုပ်သမားနေ့ သ၀ဏ်လွှာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်တာပါ။
ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကိုလည်း ထိရောက်စွာ အကူအညီပေးနိုင်ရေးနဲ့ အကာအကွယ်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သ၀ဏ်လွှာမှာ ရေးသားထားပါတယ်။
အစိုးရအနေနဲ့ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်သမားများရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
DVB Burmese
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
May
(106)
-
▼
May 01
(17)
- အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်
- Mr. Poem စားသောက်ဆိုင်ဖွင့်ထားတဲ့ ဇာနည်နဲ့ ကြည်လဲ့...
- ချောင်းဆိုးခြင်းကို သက်သာစေမယ့် နောက်ဆုံးပေါ် လက်နက...
- ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ တစ်သန်းတန် စက်ဘီး
- သူကြီးဖြုတ်ချရေးအတွက် အောင်လံမြို့ပေါ်တက်ပြီး ဆန္ဒပြ...
- ထိုင်း - မြန်မာ ဂီတ အနုပညာအသင်း ဖွဲ့စည်းလိုက်ပြီ
- ထိုင်းအစိုးရကို မြန်မာအလုပ်သမားတွေ ဆန္ဒပြ
- လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့...
- တစ်နှစ်ခွဲကျော် ရင်ဆိုင်ခဲ့တဲ့အမှု တေးသံရှင် မီးမီး...
- မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်
- အမျိုးသမီးဖြစ်သူအား ထောင်ဒဏ်(၂၇)နှစ် အမိန့်ချ ပြီး...
- အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့တွင် ၄ ရက်အတွ...
- ရထားသံလမ်းတွင်လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး ရထ...
- ရခိုင်ပြည်နယ်ရှိ ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် အမေရိ...
- ချယ်ဆီးမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း မော်ရင်ဟို ပြေ...
- အလုပ်သမားများ ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားရန် သ...
- ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်...
-
▼
May 01
(17)
-
▼
May
(106)