အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်



အဝေးပြေး ခရီးသည်တင်ယာဉ် စီးနင်းကြသည့် မြန်မာနိုင်ငံရှိ ခရီးသွား ပြည်သူအားလုံး မေလ ၁ ရက်နေ့မှ စတင်ကာ အထူးခရီးသွား အာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
ယင်းခရီးသွား အမခံကြေးကို မိမိစီးနင်းမည့် ယာဉ်လိုင်း လက်မှတ် ဝယ်ရာတွင် တစ်ပါတည်း ပေးဆောင်ရမည် ဖြစ်ပြီး အာမခံကြေးကို ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ပြီး အသက်သေဆုံးခဲ့ပါက ယင်းအာမခံအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ကျပ်သိန်းသုံးဆယ် ပေးလျော် သွားမည်ဟု ၎င်းက ရှင်းပြသည်။

“မိုင်တစ်ရာနဲ့အထက် ပြေးဆွဲနေတဲ့ အဝေးပြေး လိုင်းတွေအားလုံး မဖြစ်မနေ ရောင်းရမှာ။ ဘုရားဖူးကားတွေ လည်း မဖြစ်မနေ၀ယ်ယူရမယ်။ လက်ရှိ သေဆုံးသူတွေကို သူတစ်ပါး ထိခိုက်မှု အာမခံအတွက် ငါးသိန်း လျော်ပေးနေတော့ စုစုပေါင်း ၃၅ သိန်း ဖြစ်သွားမယ်” ဟု ၎င်းကဆိုသည်။

အဝေးပြေး လမ်းမများတွင် မမျှော်လင့်သော ဘေးအန္တရာယ် များကြောင့် ခရီးသွား ပြည်သူများ မကြာခဏ အသက်သေဆုံးမှုများ ရှိနေသဖြင့် ယင်းအာမခံစနစ်ကို အကောင်အထည် ဖော်ရခြင်း ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းများ သာမက သာမန် ခရီးသွား ကားများပါ ဝယ်ယူနိုင်အောင် စီစဉ်ပေးသွားမည်ဟု ၎င်းကဆိုသည်။

အထူးခရီးသွား အာမခံလုပ်ငန်းကို မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင် သွားဖြစ်ပြီး လတ်တလောတွင် မြန်မာ့ အာမခံလုပ်ငန်းက ဦးဆောင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...