အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

ရခိုင်ပြည်နယ်ရှိ ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း UNICEF သုံးမည်


 
ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှု နှောင့်နှေးနေသော ရခိုင်ပြည်နယ်အတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကလေးသူငယ် အခွင့်အရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း သုံးစွဲမည် ဖြစ်ကြောင်း UNICEF Myanmar မှ ရခိုင်ပြည်နယ် ရုံးဌာနမှူး Ms.Yosi Echeverry Burchkhardt က ပြောကြားသည်။အဆိုပါ အသုံးစရိတ်များကို ကလေးသူငယ်များ၏ အခြေခံပညာ သင်ကြားရေး၊ ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ကလေးလုပ်သားနှင့် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများမှ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ UNICEF ၏ ရခိုင်ပြည်နယ်လှုပ်ရှားမှု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသည်။

ယင်းစီမံကိန်းများကို ရခိုင်ပြည်နယ် အစိုးရနှင့် ပူးပေါင်းကာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ လိုအပ်နေသော ကလေးသူငယ်တိုင်းအတွက် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် မကြာသေးမီက ဖြစ်ပျက်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူများအကြား ပဋိပက္ခများသည် UNICEF ၏ ရှေ့ဆက် လုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုများ ရှိကြောင်း UNICEF Myanmar ၏ ဌာနကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောကြားသည်။
“ဒီရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် UNICEF ရှေ့ဆက်လုပ်ငန်းတွေမှာ ခက်ခဲမှုတွေ ရှိနေတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များသည် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးက ကလေးများထက် အာဟာရ လိုအပ်ချက် ပိုမြင့်မားပြီး အိုင်အိုဒင်း ချို့တဲ့မှုနှင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနှုန်းများ မြင့်မားကြောင်း UNICEF Myanmar ၏ သုတေသန စာတမ်းများအရ သိရသည်။

ယင်းအပြင် ပညာရေးနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်သည် ကျောက်တက်နှုန်း အနိမ့်ဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး မိန်းကလေးများသည် အခြေခံပညာ သင်ကြားမှုနှုန်း ပိုနိမ့်ကျကြောင်း UNICEF Myanmar မှ Ms.Mona Korsgard က ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ကလေးသူငယ် ၁ ဒသမ နှစ်သန်းနီးပါး ရှိကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...